ရာဇဝင်ချုပ်ပထမစောင် 10:16
မိမိတို့၏စကားကို နားထောင်တော့မည်မ ဟုတ်ကြောင်းသိရှိကြသောအခါ လူတို့ သည်``ဒါဝိဒ်နှင့်သူ၏အိမ်ထောင်စုသားထံ မှငါတို့ဝေပုံမရ။ ယေရှဲ၏သား၌ငါတို့ အမွေမခံရ။ အို ဣသရေလပြည်သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ ရောဗောင် သည်မိမိအိမ်ထောင်ကိုကြည့်ရှုပါစေ'' ဟုဟစ်အော်ကြကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့ပုန်ကန်ကြ သဖြင့်၊-
Common Language Bible
In The King James Version
In Context
17ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 10
Cross References
1 Samuel 20:27လဆန်းပွဲတော်နေ့အလွန်နောက်တစ်နေ့၌ လည်းဒါဝိဒ်၏နေရာသည်လပ်လျက်ပင်ရှိ သောကြောင့် ရှောလုကယောနသန်အား``အဘယ် ကြောင့်ဒါဝိဒ်သည်ဤစားပွဲတော်သို့ယမန် နေ့ကမလာ၊ ယနေ့လည်းမလာသနည်း'' ဟုမေးတော်မူ၏။
1 Samuel 22:7မင်းကြီးသည်ဒါဝိဒ်ရှိရာအရပ်ကိုတွေ့ရှိ ပြီဖြစ်ကြောင်းကြားသိရသောအခါ အရာရှိ တို့အား``အချင်းဗင်္ယာမိန်အနွယ်ဝင်တို့၊ နား ထောင်ကြလော့။ ဒါဝိဒ်သည်သင်တို့အားလယ် ယာများနှင့်စပျစ်ဥယျာဉ်များကိုပေး၍ တပ်မတော်အရာရှိများအဖြစ်ခန့်အပ် လိမ့်မည်ဟုထင်မှတ်ကြပါသလော။-
1 Samuel 22:13ရှောလုက``သင်နှင့်ဒါဝိဒ်သည်အဘယ်ကြောင့် ငါ့အားလုပ်ကြံရန်လျှို့ဝှက်ကြံစည်ကြသနည်း။ သင်သည်အဘယ်ကြောင့်သူ့အားရိက္ခာနှင့်ဋ္ဌား ကိုပေးပါသနည်း။ အဘယ်ကြောင့်သူ၏အတွက် ထာဝရဘုရားထံသို့လျှောက်ထားပေးပါ သနည်း။ ယခုသူသည်ငါ့ကိုတော်လှန်လျက် နေလေပြီ။ ငါ့အားသတ်ရန်အခွင့်ကောင်း ကိုစောင့်ဆိုင်းလျက်နေပါသည်တကား'' ဟု မိန့်တော်မူ၏။
2 Samuel 15:13အဗရှလုံသည်ဣသရေလအမျိုးသားတို့၏ ကျေးဇူးသစ္စာကိုခံယူရရှိနေပြီဖြစ်ကြောင်း ဒါဝိဒ်အားလူတစ်ယောက်သည်လာရောက် သတင်းပေးပို့၏။
2 Samuel 20:1ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
1 Kings 11:34သို့ရာတွင်ငါသည်သူ၏ထံမှတစ်နိုင်ငံလုံး ကိုရုပ်သိမ်းဦးမည်မဟုတ်။ ငါရွေးချယ်ခန့်ထား ၍ငါ၏ပညတ်တော်များနှင့်အမိန့်တော်တို့ ကိုနာခံသူ၊ ငါ၏အစေခံဒါဝိဒ်၏မျက်နှာ ကိုထောက်၍ ငါသည်ရှောလမုန်အားတစ်သက် လုံးထိုနိုင်ငံကိုအုပ်စိုးစေမည်။-