ရာဇဝင်ချုပ်ပထမစောင် 11:15
ယေရောဗောင်သည်ရုပ်တုကိုးကွယ်ရာဌာန များ၌လည်းကောင်း၊ နတ်မိစ္ဆာများနှင့်မိမိ သွန်းလုပ်ထားသည့်နွားသငယ်ရုပ်များကို ရှိခိုးဝတ်ပြုရာ၌လည်းကောင်းအမှုတော် ဆောင်ရန်မိမိအလိုရှိသူတို့အားယဇ် ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူ သည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 11
Cross References
Exodus 32:31မောရှေသည်ထာဝရဘုရားထံတော်သို့ ပြန်လာ၍``ဤသူတို့သည်ကြီးလေးသော ပြစ်မှုကိုကူးလွန်ခဲ့ပါပြီ။ ရွှေဘုရား ကိုသွန်းလုပ်၍ကိုးကွယ်ကြပါ၏။-
Deuteronomy 32:17သူတို့သည်ဘိုးဘေးတို့မကိုးကွယ်ခဲ့ဘူးသော ဣသရေလလူမျိုးမဆည်းကပ်ခဲ့ဘူးသော၊ ဘုရားသစ်များအားယဇ်ပူဇော်ကြ၏။
1 Kings 12:31ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
1 Kings 14:9သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
Hosea 8:5ရှမာရိမြို့သားတို့ကိုးကွယ်သောရွှေနွား ရုပ်ကိုငါစက်ဆုတ်ရွံရှာတော်မူ၏။ သူတို့ အားငါအမျက်ထွက်တော်မူ၏။ သူတို့ သည်မည်သည့်အခါမှရုပ်တုကိုးကွယ်မှု ကိုစွန့်ကြမည်နည်း။-
1 Corinthians 10:20ဤသို့ငါမဆိုလို။ ဘုရားသခင်ကိုမကိုးကွယ် သူတို့ပူဇော်သောယဇ်သည် နတ်မိစ္ဆာများအားပူ ဇော်သောယဇ်သာလျှင်ဖြစ်၍ ဘုရားသခင်အား ပူဇော်သောယဇ်မဟုတ်ကြောင်းကိုသာလျှင်ငါ ဆိုလို၏။ ငါသည်သင်တို့အားနတ်မိစ္ဆာများနှင့် မဆက်ဆံစေလို။-