ရာဇဝင်ချုပ်ပထမစောင် 12:14
မင်းကြီးသည်ထာဝရဘုရား၏အလိုတော် ကိုရှာလိုစိတ်မရှိသဖြင့်ဒုစရိုက်ကိုပြု တော်မူ၏။
Common Language Bible
In The King James Version
And he did evil, because he prepared not his heart to seek the LORD.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 12
Cross References
Deuteronomy 5:29သူတို့သည်ဤကဲ့သို့ငါ့ကိုအစဉ်ကြောက်ရွံ့ ရိုသေ၍ ငါ၏ပညတ်တော်အားလုံးကိုစောင့်ထိန်း ကြမည်ဆိုလျှင် သူတို့နှင့်သူတို့၏အဆက် အနွယ်များသည်ထာဝစဉ်ကောင်းစားကြ လိမ့်မည်။-
1 Chronicles 29:18ကျွန်တော်မျိုးတို့၏ဘိုးဘေးများဖြစ် ကြသောအာဗြဟံ၊ ယာကုပ်နှင့်ဣဇာက် တို့၏ဘုရားသခင်ထာဝရဘုရား၊ ဤ သို့ဘုရားတရားစွဲလန်းတတ်သောစိတ် သဘောကို ကိုယ်တော်ရှင့်လူစုတော်၏ စိတ်နှလုံးတွင်အစဉ်သဖြင့်ခိုင်မြဲ စွာတည်ရှိစေတော်မူပါ။ သူတို့သည် ကိုယ်တော်ရှင်အပေါ်အစဉ်အမြဲ သစ္စာရှိစေတော်မူပါ။-
2 Chronicles 19:3သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
Psalms 57:7အို ဘုရားသခင်၊ ကျွန်တော်မျိုးသည်လုံးဝယုံကြည်စိတ်ချပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးသည်သီချင်းဆို၍ ကိုယ်တော်ရှင်အားထောမနာပြုပါမည်။
Psalms 78:37သူတို့သည်ကိုယ်တော်အားသစ္စာမစောင့်ကြ။ ကိုယ်တော်နှင့်ပြုထားသည့်ပဋိညာဉ်ကိုလည်း မစောင့်မထိန်း။
Isaiah 45:19ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။