ရာဇဝင်ချုပ်ပထမစောင် 12:15
ရောဗောင်ဆောင်ရွက်ခဲ့သည့်အမှုအရာများ အကြောင်းအစမှအဆုံးနှင့်သူ၏အိမ်ထောင် စုမှတ်တမ်းများကိုပရောဖက်ရှေမာယ၏ အတ္ထုပ္ပတ္တိနှင့်ပရောဖက်ဣဒေါ၏အတ္ထုပ္ပတ္တိ တွင်တွေ့ရှိရလေသည်။ ရောဗောင်နှင့်ယေရော ဗောင်တို့သည်အစဉ်မပြတ်စစ်ဖြစ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 12
Cross References
1 Kings 12:22သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
1 Chronicles 29:29ဒါဝိဒ်မင်း၏ရာဇဝင်ကိုအစမှအဆုံးတိုင် အောင်ရှမွေလ၊ နာသန်နှင့်ဂဒ်ဟူသောပရော ဖက်သုံးပါးတို့၏မှတ်တမ်းများတွင်ရေးမှတ် ၍ထား၏။-
2 Chronicles 11:2သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
2 Chronicles 13:1ဣသရေလဘုရင်ယေရောဗောင်နန်းစံတစ် ဆယ့်ရှစ်နှစ်မြောက်၌ အဘိယသည်ယုဒ ပြည်ဘုရင်အဖြစ်နန်းတက်၍၊-
2 Chronicles 13:22အဘိယပြောဆိုခဲ့သောစကားများ၊ သူ ဆောင်ရွက်ခဲ့သည့်အမှုအရာများနှင့်ကျန် ရှိနေသေးသောသူ၏အတ္ထုပ္ပတ္တိအကြောင်း အရာများကို ပရောဖက်ဣဒေါစီရင်သော စာတွင်မှတ်တမ်းတင်ထားသတည်း။
2 Chronicles 20:34ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။