ရာဇဝင်ချုပ်ပထမစောင် 12:5
ရှိရှက်၏ဘေးမှလွတ်မြောက်ရန်ယေရုရှလင်မြို့ တွင်စုရုံးလျက်ရှိသော ရောဗောင်မင်းနှင့်ယုဒ ခေါင်းဆောင်များထံပရောဖက်ရှေမာယသွား ၍``ထာဝရဘုရားက`သင်တို့သည်ငါ့ကိုစွန့် ပယ်ကြသဖြင့် ငါသည်သင်တို့ကိုရှိရှက်လက် သို့ပေးအပ်လိုက်ပြီ' ဟုမိန့်တော်မူ၏'' ဟု ဆင့်ဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 12
Cross References
Deuteronomy 28:15``ယနေ့သင်တို့အားငါဆင့်ဆိုသောထာဝရ ဘုရား၏ ပညတ်တော်ရှိသမျှတို့ကိုတစ်သဝေ မတိမ်းမလိုက်နာမစောင့်ထိန်းလျှင် သင်တို့ အပေါ်၌အောက်ပါအမင်္ဂလာများသက် ရောက်စေတော်မူမည်။
Judges 10:13သို့သော်သင်တို့သည်ငါ့ကိုစွန့်ပယ်၍ အခြား ဘုရားတို့အားဝတ်ပြုရှိခိုးကြပြန်၏။ ထို့ ကြောင့်ငါသည်သင်တို့အားနောက်တစ်ဖန် ကယ်တော့မည်မဟုတ်။-
1 Kings 12:22သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
2 Chronicles 11:2သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
2 Chronicles 15:2အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
Psalms 37:33သို့ရာတွင်ထာဝရဘုရားသည် သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။ သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။