ရာဇဝင်ချုပ်ပထမစောင် 13:14
ယုဒအမျိုးသားတို့သည်နောက်သို့လှည့်၍ ကြည့်လိုက်သောအခါ မိမိတို့အဝိုင်းခံရ သည်ကိုမြင်သဖြင့်ထာဝရဘုရားအား``ကူ မတော်မူပါ'' ဟုဟစ်အော်တောင်းလျှောက် ကြ၏။ ယဇ်ပုရောဟိတ်တို့သည်တံပိုးခရာ များကိုမှုတ်ကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 13
Cross References
Numbers 10:9သင်တို့၏ပြည်ကိုရန်သူများထိပါးတိုက် ခိုက်လာသောအခါ ရန်သူကိုခုခံတိုက်ခိုက် ရန်အတွက် ဤတံပိုးခရာများကိုမှုတ်၍ တပ်လှန့်နှိုးဆော်ရမည်။ သင်တို့ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်တို့ကိုသတိရ လျက်ရန်သူ၏လက်မှကယ်တင်တော်မူမည်။-
Judges 20:33သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ပင် မတပ်ကြီးသည် ဆုတ်ခွာ၍ ဗာလတာမာမြို့၌ ပြန်လည်စုရုံးမိသောအခါ ဂိဗာမြို့ကိုဝိုင်းရံ ထားသောတပ်ပုန်းသည် မိမိတို့ပုန်းအောင်းရာ ကျောက်ပေါများသည့်မြို့ပတ်လည်အရပ်မှ ရုတ်တရက်ထွက်လာကြ၏။-
2 Samuel 10:9ရန်သူတပ်များသည်မိမိတို့အားရှေ့နှင့်နောက် မှတိုက်ခိုက်ကြမည်ကိုသိသဖြင့် ယွာဘသည် လက်ရွေးစင်ဣသရေလစစ်သည်များကိုရှုရိ အမျိုးသားတို့ဘက်သို့မျက်နှာမူ၍နေစေ၏။-
2 Chronicles 14:11မိမိ၏ဘုရားသခင်ထာဝရဘုရားအား``အို ထာဝရဘုရား၊ ကိုယ်တော်သည်အင်အားကြီး မားသောတပ်ကိုကူမတော်မူနိုင်သည့်နည်း တူ အင်အားနည်းသောတပ်ကိုလည်းကူမတော် မူနိုင်ပါ၏။ အို အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ကိုယ်တော်ကို အားကိုးလျက်နာမတော်ကိုအမှီပြု၍ ဤ ကြီးမားလှသောတပ်မတော်ကိုတိုက်ခိုက် ရန်ထွက်ခဲ့ကြပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူပါ၏။ ကိုယ်တော်အားအဘယ် သူမျှမနှိမ်နင်းနိုင်ပါ'' ဟုပတ္ထနာပြုတော် မူ၏။
2 Chronicles 32:20ထိုအခါဟေဇကိမင်းနှင့်အာမုတ်၏သား ပရောဖက်ဟေရှာယသည် ဘုရားသခင်ထံ တော်သို့ကယ်မတော်မူရန်ဟစ်လျက်ပတ္ထနာ ပြုကြလေသည်။-
Psalms 91:5ညဥ့်အခါတွေ့ရတတ်သောဘေးဥပဒ်များ ကိုသော်လည်းကောင်း၊ နေ့အချိန်ပေါ်ပေါက်တတ်သည့်အန္တရာယ်များ ကိုသော်လည်းကောင်း၊