ရာဇဝင်ချုပ်ပထမစောင် 14:4
ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။-
Common Language Bible
In The King James Version
And commanded Judah to seek the LORD God of their fathers, and to do the law and the commandment.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 14
Cross References
Genesis 18:19သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
1 Samuel 3:13သူ၏သားတို့သည်ငါ့အားပြစ်မှားပြောဆိုခဲ့ ကြသဖြင့် ငါသည်သူ၏အိမ်ထောင်စုကိုအပြစ် ဒဏ်စီရင်မည်ဖြစ်ကြောင်းဧလိအားပြောကြား ခဲ့ပြီးဖြစ်၏။ သူတို့သည်ဤသို့သောဒုစရိုက် များကိုပြုကျင့်လျက်နေကြောင်းကိုဧလိသိ သော်လည်းသူတို့အားမတားမြစ်။-
2 Chronicles 29:21မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
2 Chronicles 29:30ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
2 Chronicles 30:19``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-
2 Chronicles 34:32မင်းကြီးသည်ဗင်္ယာမိန်အနွယ်ဝင်များနှင့် ယေရုရှလင်မြို့တွင်ရှိသမျှသောသူတို့ အားလည်း ပဋိညာဉ်တော်ကိုစောင့်ထိန်းရန် ကတိပြုစေတော်မူ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သူမြို့သားတို့သည်ဘိုးဘေး များ၏ဘုရားသခင်နှင့်မိမိတို့ပြုသည့် ပဋိညာဉ်တော်ပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးကြလေသည်။-