ရာဇဝင်ချုပ်ပထမစောင် 17:5
ထာဝရဘုရားသည်ယောရှဖတ်၏အာဏာ ကိုတည်စေတော်မူ၏။ ပြည်သူအပေါင်းတို့ သည်သူ့ထံသို့လက်ဆောင်ပဏ္ဏာများကိုယူ ဆောင်လာကြ၏။ ထိုကြောင့်မင်းကြီးသည် ချမ်းသာကြွယ်ဝကာဂုဏ်အသရေကြီး မြင့်လာတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 17
Cross References
Genesis 26:13သူသည်စီးပွားတိုးတက်လာပြီးလျှင် အလွန်ကြွယ်ဝချမ်းသာလာလေသည်။-
1 Samuel 10:27သို့ရာတွင်လူဆိုးလူမိုက်တို့က``ဤသူ သည်ငါတို့အား အဘယ်သို့အကျိုးပြုနိုင် ပါမည်နည်း'' ဟုဆိုကြ၏။ သူတို့သည် ရှောလုကိုအထင်သေးသဖြင့် အဘယ် လက်ဆောင်ကိုမျှမပေးမဆက်ကြ။
1 Kings 4:21ရှောလမုန်သည်ဥဖရတ်မြစ်မှဖိလိတ္တိပြည် နှင့်အီဂျစ်ပြည်နယ်စပ်တိုင်အောင် ရှိသမျှ သောတိုင်းနိုင်ငံတို့ကိုအစိုးရတော်မူ၏။ ထိုနိုင်ငံတို့သည်မင်းကြီးအားအခွန် ပဏ္ဏာဆက်သကြ၍ မင်းကြီးအသက်ရှင် သမျှကာလပတ်လုံးသူ၏လက်အောက် ခံနိုင်ငံများဖြစ်ကြ၏။
1 Kings 10:25နှစ်စဉ်လာရောက်ကြသူအပေါင်းတို့သည်ကိုယ်စီ ကိုယ်ငှ ရွှေထည်၊ အဝတ်တန်ဆာ၊ လက်နက်၊ နံ့သာ မျိုး၊ မြင်း၊ လားတို့ကိုလက်ဆောင်ပဏ္ဏာအဖြစ် မင်းကြီးအားဆက်သကြလေသည်။
2 Chronicles 1:15သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။-
2 Chronicles 18:1ယောရှဖတ်မင်းသည်ချမ်းသာကြွယ်ဝ၍ဂုဏ် သတင်းကျော်စောလာသောအခါ ဣသရေလ ဘုရင်အာဟပ်မင်းနှင့်အမျိုးဆက်တော်မူ၏။-