ရာဇဝင်ချုပ်ပထမစောင် 18:16
ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့သည် သိုးထိန်းမဲ့သည့်သိုးများကဲ့သို့တောင်ကုန်း များပေါ်တွင်ကွဲလွင့်လျက်နေသည်ကိုငါ မြင်၏။ ထာဝရဘုရားကလည်း`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့အေးချမ်းစွာပြန်ခွင့်ပြုလော့' ဟုမိန့် တော်မူပါသည်''ဟုဆို၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
2 Samuel 2:7သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။
1 Kings 22:17ထိုအခါမိက္ခာက``ဣသရေလပြည်သူတို့ သည်သိုးထိန်းမဲ့သည့်သိုးများကဲ့သို့ တောင် ကုန်းများပေါ်တွင်ကွဲလွင့်လျက်နေသည်ကို ငါမြင်၏။ ထာဝရဘုရားက`ဤသူတို့မှာ ခေါင်းဆောင်မရှိ။ သူတို့အားမိမိတို့ရပ်ရွာ သို့ဧချမ်းစွာပြန်ခွင့်ပြုကြလော့' ဟုမိန့် တော်မူသည်'' ဟုဆင့်ဆိုလေ၏။
2 Kings 10:3သင်တို့သည်မင်းကြီး၏သားမြေးများထဲမှ အသင့်တော်ဆုံးသူကိုရွေးချယ်၍မင်းမြှောက် ပြီးလျှင် သူ၏ဘက်မှခုခံကာကွယ်တိုက်ခိုက် ကြလော့'' ဟုပါရှိ၏။
Jeremiah 23:1ကိုယ်တော်၏လူမျိုးတော်အားဖျက်ဆီး၍ကွဲ လွင့်စေသည့်မင်းစိုးရာဇာများအပေါ်သို့ ထာ ဝရဘုရားချမှတ်တော်မူမည့်တရားစီရင် ချက်သည်အဘယ်မျှကြောက်လန့်ဖွယ်ကောင်း လိမ့်မည်နည်း။-
Ezekiel 34:8ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်တော်မူသည်နှင့်အညီ သင်တို့သည်ငါ ၏စကားကိုနားထောင်ကြလော့။ သိုးထိန်း မရှိသဖြင့်ငါ၏သိုးတို့အားသားရဲ တိရစ္ဆာန်များသတ်ဖြတ်ကိုက်စားကြလေ ပြီ။ ငါ့သိုးထိန်းတို့သည်သိုးကိုလိုက်၍ မရှာကြ။ သူတို့သည်မိမိတို့ကိုသာ လျှင်ကြည့်ရှုစောင့်ရှောက်လျက်သိုးတို့ ကိုမူမစောင့်ထိန်းကြ။-
Zechariah 13:7အနန္တတန်ခိုးရှင်ထာဝရဘုရားက``အို ဋ္ဌား၊ နိုးထ၍ငါ၏အမှုတော်ထမ်းသိုးထိန်းကို တိုက်ခိုက်လော့။ သူ့အားသတ်ဖြတ်လော့။ ထို အခါသိုးတို့သည်ကစင့်ကရဲဖြစ်၍သွား လိမ့်မည်။ ငါသည်မိမိ၏လူမျိုးတော်ကို တိုက်ခိုက်မည်ဖြစ်၍၊-