ရာဇဝင်ချုပ်ပထမစောင် 18:29
အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 18
Cross References
1 Kings 14:2ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
2 Chronicles 35:22သို့ရာတွင်ယောရှိသည်စစ်တိုက်ရန်သန္နိဋ္ဌာန် ချထားပြီဖြစ်သဖြင့် မိမိကိုယ်ကိုရုပ်ဖျက် ၍တိုက်ပွဲဝင်လေသည်။ သူသည်နေခေါမင်း အားဖြင့်ထာဝရဘုရားမိန့်တော်မူသော စကားကိုနားမထောင်ဘဲမေဂိဒ္ဒေါလွင်ပြင် ၌တိုက်ပွဲဝင်လေ၏။
Psalms 12:2လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
Jeremiah 23:24ငါမတွေ့မမြင်နိုင်သောအရပ်တွင်အဘယ် သူမျှပုန်းကွယ်၍မနေနိုင်။ ``ငါသည်ကောင်း ကင်ဘုံနှင့်ကမ္ဘာမြေကြီးပေါ်ရှိအရပ် တကာတွင်ရှိတော်မူကြောင်းကိုသင်တို့ မသိကြသလော။-''