ရာဇဝင်ချုပ်ပထမစောင် 19:11
ဘာသာရေးအမှုအခင်းရှိသမျှတွင်ယဇ်ပုရော ဟိတ်မင်းအာမရိသည်လည်းကောင်း၊ တရားအမှု မှန်သမျှတွင် ဣရှမေလ၏သား၊ ယုဒဘုရင်ခံ ဇေဗဒိသည်လည်းကောင်းနောက်ဆုံးအာဏာပိုင် ဖြစ်စေရမည်။ တရားရုံးများမှချမှတ်သည့် စီရင်ချက်များကိုအရေးယူဆောင်ရွက်ရန်မှာ လေဝိအနွယ်ဝင်တို့၏တာဝန်ဖြစ်၏။ သင်တို့ သည်ဤညွှန်ကြားချက်များကိုရဲရင့်စွာ ဆောင်ရွက်ကြလော့။ ထာဝရဘုရားသည် ဖြောင့်မှန်သူတို့ဘက်၌ရှိတော်မူပါစေသော'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 19
Cross References
Joshua 1:6သင်သည်အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည်ဤသူတို့ကိုခေါင်းဆောင်၍သူတို့ ၏ဘိုးဘေးတို့အား ငါပေးမည်ဟုကတိ ထားသောပြည်ကိုဝင်ရောက်သိမ်းယူရ မည်။-
1 Chronicles 6:11အာမရိ၊ အဟိတုပ်၊
1 Chronicles 22:16ရွှေ၊ ငွေ၊ ကြေးဝါ၊ သံတို့နှင့်သက်ဆိုင်သော လက်မှုပညာသည်အမျိုးမျိုးတို့လည်း များစွာရှိ၏။ သင်သည်ယခုပင်အလုပ် ကိုစတင်လော့။ ထာဝရဘုရားသည်သင် နှင့်အတူရှိတော်မူပါစေသော'' ဟုမိန့် တော်မူ၏။
1 Chronicles 26:30ဟေဗြုန်၏သားမြေးတို့အနက်ဟာရှဘိနှင့် သူ၏ဆွေမျိုးသားချင်းတစ်ထောင့်ခုနစ်ရာ တို့သည် ယော်ဒန်မြစ်အနောက်ဘက်ရှိဣသရေလ အမျိုးသားတို့၏ဘာသာရေးနှင့်မြို့ပြရေး ရာအမှုကိစ္စမှန်သမျှကို စီမံအုပ်ချုပ်ရန် တာဝန်ယူရကြလေသည်။ သူတို့အားလုံး ပင်ထူးချွန်သူများဖြစ်သတည်း။-
1 Chronicles 28:20ဒါဝိဒ်မင်းသည်သားတော်ရှောလမုန်အား``သင် သည်တည်ကြည်ခိုင်ခန့်၍ဇွဲသတ္တိရှိလော့။ အလုပ် ကိုအစပြုလော့။ အဘယ်အရာမျှသင့်အား မဆီးမတားစေနှင့်။ ငါကိုးကွယ်သောဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ တော်မူလိမ့်မည်။ ကိုယ်တော်သည်သင့်ကိုစွန့်ပစ် တော်မူလိမ့်မည်မဟုတ်။ ဗိမာန်တော်အတွက် လိုအပ်သမျှသောအမှုကိစ္စများပြီးဆုံး သည်တိုင်အောင် သင်နှင့်အတူရှိတော်မူလိမ့် မည်။-
2 Chronicles 15:7သို့ရာတွင်သင်တို့သည်အားမာန်တင်းကြ လော့။ စိတ်အားမလျော့ကြနှင့်။ သင်တို့ပြု သည့်အမှုအတွက်ကောင်းကျိုးကိုခံစား ရကြလိမ့်မည်'' ဟုဆင့်ဆို၏။