ရာဇဝင်ချုပ်ပထမစောင် 19:3
သို့ရာတွင်ဘုရင်မင်းသည်လူတို့ကိုးကွယ်သော အာရှရဘုရားမ၏တံခွန်တိုင်ရှိသမျှကို ဖယ်ရှားပြီးလျှင် ထာဝရဘုရား၏အလိုတော် ကိုလိုက်လျှောက်ရန်ကြိုးစားသဖြင့် ဘုရင်မင်း မှာအကျင့်ကောင်းအနည်းငယ်ရှိသေး၏'' ဟု ဆိုလေသည်။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 19
Cross References
1 Kings 14:13ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
2 Chronicles 12:12မင်းကြီးသည်ထာဝရဘုရားရှေ့တော်တွင် မိမိကိုယ်ကိုနှိမ့်ချတော်မူသဖြင့် ထာဝရ ဘုရား၏အမျက်တော်သည်သူ့အားလုံးလုံး လျားလျားဖျက်ဆီးတော်မမူ။ ယုဒပြည်၌ လည်းပြည်မှုပြည်ရေးသာယာလေသည်။
2 Chronicles 15:12သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား စိတ်စွမ်းကိုယ်စွမ်း ရှိသမျှနှင့်ကိုးကွယ်မည်ဟူ၍ပဋိညာဉ် ပြုကြ၏။-
2 Chronicles 17:3ယောရှဖတ်သည်ခမည်းတော်အာသနန်း တက်စအခါကပြုမူခဲ့သည့်စံနမူနာ ကိုလိုက်၍ ဗာလဘုရားအားဝတ်မပြု ရှိမခိုးဘဲနေသဖြင့်ထာဝရဘုရားသည် သူ့အားကောင်းချီးပေးတော်မူ၏။-
2 Chronicles 22:9ယေဟုသည်ထိုသူအားလုံးကိုသတ်ပြီး နောက် လူအချို့အားအာခဇိကိုလိုက်လံ ရှာဖွေစေ၏။ ထိုသူတို့သည်ရှမာရိမြို့တွင် ပုန်းအောင်းနေသောအာခဇိကိုတွေ့၍ ယေဟု ထံသို့ခေါ်ဆောင်ခဲ့ကြ၏။ ထိုနောက်သူ့အား ကွပ်မျက်ကြလေသည်။ သို့ရာတွင်သူတို့ သည်ထာဝရဘုရား၏အမှုတော်ကိုအစွမ်း ကုန်ဆောင်ရွက်ခဲ့သူ ယောရှဖတ်မင်းကိုရိုသေ လေးစားသောအားဖြင့် သူ၏မြေးအာခဇိ ၏အလောင်းကိုသင်္ဂြိုဟ်လိုက်ကြ၏။ အာခဇိ အိမ်ထောင်စုမှတိုင်းပြည်ကိုအုပ်စိုးနိုင်သူ တစ်ဦးတစ်ယောက်မျှမကျန်မရှိတော့ ချေ။
2 Chronicles 30:19``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရား၊ ထိုသူတို့မှာသန့်စင်မှု မရှိသော်လည်းကိုယ်တော်အား စိတ်စွမ်းရှိ သမျှနှင့်ဝတ်ပြုကိုးကွယ်သူများဖြစ်သဖြင့် ကောင်းမြတ်သောအရှင်ဖြစ်တော်မူသည်နှင့် အညီသူတို့၏အပြစ်ကိုဖြေလွှတ်တော် မူပါ'' ဟုပတ္ထနာပြုတော်မူ၏။-