ရာဇဝင်ချုပ်ပထမစောင် 2:14
သူ၏အမိသည်ဒန်အနွယ်ဝင်၊ သူ၏အဖမှာ တုရုမြို့သားဖြစ်ပါ၏။ သူသည် ရွှေ၊ ငွေ၊ ကြေး ဝါ၊ သံ၊ ကျောက်နှင့်သစ်သားပစ္စည်းအသုံး အဆောင်များကိုပြုလုပ်တတ်၍နီ၊ ပြာ၊ ညို မောင်းသောအထည်များ၊ ပိတ်ချောထည်များ ကိုလည်းယက်လုပ်တတ်ပါသည်။ တီထွင်မှု လုပ်ငန်းအမျိုးမျိုးတွင်ကျွမ်းကျင်၍သူ့ အားအကြံပေးဖော်ပြသည့်ပုံစံအတိုင်း လုပ်ကိုင်နိုင်သူဖြစ်ပေသည်။ သူ့အား အဆွေတော်၏ခမည်းတော်အသုံးပြု ခဲ့သည့်လက်မှုပညာသည်များနှင့်အတူ လုပ်ကိုင်စေပါလော့။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 2
Cross References
Exodus 31:3သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
2 Chronicles 2:7ယခုအဆွေတော်သည်ကျွန်ုပ်၏ထံသို့ပန်းပု အတတ်၊ ရွှေငွေနှင့်ကြေးဝါပန်းထိမ်အတတ်၊ ပန်းထည်အတတ်၊ နီပြာညိုမောင်းသောအထည် ယက်လုပ်သည့်အတတ်တို့ကိုကျွမ်းကျင်သူ တစ်ယောက်စေလွှတ်စေလိုပါသည်။ ထိုသူသည် ကျွန်ုပ်၏ခမည်းတော်ရွေးချယ်ထားသည့်ယုဒ ပြည်နှင့် ယေရုရှလင်မြို့မှလက်မှုပညာသည် များနှင့်အတူလုပ်ကိုင်ရန်ဖြစ်ပါသည်။-