ရာဇဝင်ချုပ်ပထမစောင် 20:25
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 20
Cross References
Exodus 12:35မောရှေမှာကြားထားသည့်အတိုင်းဣသ ရေလအမျိုးသားတို့သည် အီဂျစ်ပြည် သားတို့ထံမှရွှေထည်၊ ငွေထည်၊ အဝတ် အထည်များကိုတောင်းယူကြ၏။-
Numbers 31:53ရိုးရိုးတပ်သားတို့သည်မိမိတို့ရရှိသော ပစ္စည်းများကို ကိုယ်ပိုင်အတွက်သိမ်းဆည်း ထားကြ၏။-
Judges 8:24သို့ရာတွင်သူသည်ဆက်လက်၍``သင်တို့ထဲ မှငါတောင်းခံလိုသည့်အရာတစ်ခုရှိပါ သည်။ သင်တို့ရယူထားသည့်ရွှေနားကွင်း များကိုငါ့အားပေးကြလော့'' ဟုဆို၏။ (မိဒျန်အမျိုးသားတို့သည်အခြားသဲကန္တာရ နေသူများကဲ့သို့ပင် ရွှေနားကွင်းများကို တပ်ဆင်လေ့ရှိသတည်း။)
2 Kings 7:9သို့ရာတွင်သူတို့က``ငါတို့ဤသို့ပြုနေကြ ရန်မသင့်။ ငါတို့မှာသတင်းကောင်းရှိသည် ဖြစ်၍ ထိုသတင်းကိုမျိုသိပ်မထားသင့်ကြ။ အကယ်၍ငါတို့သည်ထိုသတင်းကိုမိုး လင်းချိန်တိုင်အောင်မပြောဘဲနေလျှင် ဧကန် မုချအပြစ်ဒဏ်သင့်ရကြပေမည်။ သို့ဖြစ် ၍ယခုပင်မင်းကြီး၏မှူးမတ်တို့ထံသွား ရောက်ပြောကြားကုန်အံ့'' ဟုအချင်းချင်း ပြောဆိုကြ၏။-
Ezekiel 39:8အရှင်ထာဝရဘုရားက``ငါဖော်ပြခဲ့ သည့်နေ့ရက်ကာလသည်ဧကန်မုချ ကျရောက်အံ့။-