ရာဇဝင်ချုပ်ပထမစောင် 21:16
ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။-
Common Language Bible
In The King James Version
In Context
15သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။
Read all of ရာဇဝင်ချုပ်ပထမစောင် 21
Cross References
1 Samuel 26:19အရှင်မင်းကြီး၊ အကျွန်ုပ်လျှောက်ထားသည်ကို နားညောင်းတော်မူပါ။ အရှင့်အားအကျွန်ုပ်နှင့် ရန်သူဖြစ်အောင်ပြုသူသည် ထာဝရဘုရား ဖြစ်ခဲ့သော်အမျက်တော်ပြေစေရန်ပူဇော် သကာကိုဆက်သနိုင်ပါသည်။ အကယ်၍ ယင်းသို့ရန်သူဖြစ်အောင်ပြုသောသူတို့မှာ လူသားများဖြစ်ပါမူ သူတို့သည်ထာဝရ ဘုရား၏ကျိန်စာသင့်ကြပါစေသတည်း။ ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားပေးတော်မူသောနယ်မြေမှ လူမျိုး ခြားတို့၏ဘုရားများကိုသာကိုးကွယ် နိုင်သောနယ်မြေသို့အကျွန်ုပ်အားသူတို့ နှင်ထုတ်ကြပါ၏။-
1 Kings 11:11``သင်သည်ငါနှင့်ပြုထားသည့်ပဋိညာဉ်ကို ချိုးဖောက်လျက် ငါ၏အမိန့်တော်ကိုလွန်ဆန် သည်ဖြစ်၍ ငါသည်နိုင်ငံတော်ကိုသင့်လက်မှ မုချရုပ်သိမ်းပြီးလျှင် သင်၏မှူးမတ်တစ်ဦး အားပေးအပ်မည်။-
1 Kings 11:23ဘုရားသခင်သည်ဧလျာဒ၏သားရေဇုန်ကို လည်း ရှောလမုန်အားပုန်ကန်စေတော်မူ၏။ ရေဇုန် သည်မိမိ၏သခင်၊ ဇောဘဘုရင်၊ ဟာဒဒေဇာ ထံမှထွက်ပြေးပြီးလျှင်တောပုန်းအဖွဲ့ခေါင်း ဆောင်လုပ်၍နေလေ၏။-
2 Chronicles 22:1အာရပ်အမျိုးသားအချို့တို့သည်ဝင်ရောက် တိုက်ခိုက်ကာ ယဟောရံ၏သားတော်အငယ် ဆုံးအာခဇိမှတစ်ပါး အခြားသားတော် အပေါင်းကိုသတ်လိုက်ကြ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သားတို့သည်အာခဇိအားခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် စေကြ၏။-
2 Chronicles 33:11သို့ဖြစ်၍ထာဝရဘုရားသည်အာရှုရိတပ် မတော်နှင့်တပ်မှူးတို့အားယုဒပြည်သို့ချင်း နင်းဝင်ရောက်ခွင့်ပြုတော်မူ၏။ သူတို့သည်မနာ ရှေကိုသံချိပ်များဖြင့်ဆွဲချိပ်ဖမ်းဆီးကာ သံကြိုးများနှင့်ချည်နှောင်ပြီးလျှင်ဗာဗုလုန် မြို့သို့ခေါ်ဆောင်သွားကြ၏။-
Ezra 1:5ထိုအခါယုဒနှင့် ဗင်္ယာမိန်အနွယ်ဝင်သားချင်းစုခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင်များနှင့် မိမိတို့စိတ်နှလုံးကိုဘုရားသခင်ပြင်ဆင်တော်မူခြင်းခံကြရသူအပေါင်းတို့သည် ယေရုရှလင်မြို့သို့သွားရောက်၍ ထာဝရဘုရား၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန်အသင့်ပြင်ဆင်ကြကုန်၏။-