ရာဇဝင်ချုပ်ပထမစောင် 22:5
သူသည်ထိုသူတို့၏အကြံပေးချက်ကို လိုက်လျှောက်ကာ ဣသရေလဘုရင်ယောရံ နှင့်ရှုရိဘုရင်ဟာဇေလတို့စစ်ဖြစ်ချိန်၌ ယောရံ၏ဘက်မှဝင်၍တိုက်၏။ ဂိလဒ်ပြည် ရာမုတ်မြို့တိုက်ပွဲတွင်ယောရံသည်ဒဏ်ရာ များရရှိသဖြင့်၊-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 22
Cross References
2 Kings 3:1ယုဒပြည်ဘုရင်ယောရှဖတ်၏နန်းစံတစ်ဆယ့် ရှစ်နှစ်မြောက်၌ အာဟပ်၏သားတော်ယောရံသည် ဣသရေလပြည်ဘုရင်အဖြစ်နန်းတက်၍ ရှမာရိမြို့တွင်တစ်ဆယ့်နှစ်နှစ်စိုးစံရ၏။-
2 Kings 8:28ဣသရေလဘုရင်ယောရံနှင့်ရှုရိဘုရင် ဟာဇေလတို့စစ်ဖြစ်ကြသောအခါ အာခဇိ ကယောရံ၏ဘက်မှဝင်၍တိုက်ခိုက်လေသည်။ ဂိလဒ်ပြည်ရာမုတ်မြို့တွင် တိုက်ပွဲဖြစ်ပွားရာ ယောရံသည်ဒဏ်ရာများရရှိသဖြင့်၊-
2 Chronicles 18:3သူက``အဆွေတော်သည်ရာမုတ်မြို့ကိုတိုက် ခိုက်ရန်ကျွန်ုပ်နှင့်အတူလိုက်မည်လော'' ဟု မေး၏။ ယောရှဖတ်က``အဆွေတော်အဆင်သင့်ရှိ ချိန်၌ကျွန်ုပ်လည်းအဆင်သင့်ရှိပါ၏။ ကျွန်ုပ်၏တပ်မတော်သည်လည်းထိုနည်းတူ ပင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည်သင်နှင့်အတူ လိုက်ပါမည်'' ဟုပြန်ပြောတော်မူ၏။-
2 Chronicles 19:2ဟာနန်၏သားပရောဖက်ယေဟုသည်မင်းကြီး ထံသို့သွား၍``ဘုရင်မင်းသည်သူယုတ်မာတို့ကို ကူညီမစအပ်ပါသလော။ ထာဝရဘုရားကို မုန်းသူတို့နှင့်မိတ်ဆွေဖွဲ့အပ်ပါသလော။ ယင်း အမှုတို့ကြောင့်ထာဝရဘုရား၏အမျက်တော် သည် ဘုရင်မင်း၏အပေါ်သို့သက်ရောက်လေ ပြီ။-
Daniel 5:22သူ၏သားတော်ဖြစ်သူအရှင်သည်လည်း ထိုအမှုအရာအလုံးစုံတို့ကိုသိရှိပါ သော်လည်းမိမိကိုယ်ကိုနှိမ့်ချတော်မ မူဘဲ၊-