ရာဇဝင်ချုပ်ပထမစောင် 24:6
သို့ဖြစ်၍သူသည်ထိုသူအပေါင်းတို့၏ ခေါင်းဆောင်ယောယဒကိုခေါ်ပြီးလျှင်``ထာ ဝရဘုရားကိန်းဝပ်တော်မူရာတဲတော် အတွက် ပြည်သူတို့ပေးဆောင်ရန်ထာဝရ ဘုရား၏အစေခံမောရှေပြဋ္ဌာန်းသည့် အလှူငွေကို လေဝိအနွယ်ဝင်တို့အား အဘယ်ကြောင့်ယုဒပြည်နှင့်ယေရုရှလင် မြို့မှမကောက်ခံစေပါသနည်း'' ဟုမေး တော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 24
Cross References
Exodus 30:16သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
Numbers 17:7ထိုနောက်မောရှေသည်တဲတော်ထဲရှိထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာရှေ့တွင်တောင်ဝှေး များကိုထားလေသည်။
2 Samuel 24:3သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-