ရာဇဝင်ချုပ်ပထမစောင် 30:14
သူတို့သည်ယေရုရှလင်မြို့ရှိယဇ်များပူ ဇော်ရာနှင့် နံ့သာပေါင်းမီးရှို့ရာယဇ်ပလ္လင်ရှိ သမျှကိုယူ၍ကေဒြုန်ချိုင့်ဝှမ်းထဲသို့ပစ် ချလိုက်ကြ၏။ လဆန်းတစ်ဆယ့်လေးရက် နေ့၌သူတို့သည် ပသခါယဇ်ပူဇော်ရန် အတွက်သိုးများကိုသတ်ကြလေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
2 Kings 18:22သူသည်ဆက်လက်၍``သင်က`ငါတို့သည် ငါတို့ ၏ဘုရားသခင်ထာဝရဘုရားကိုအားကိုး ပါသည်' ဟုပြောဆိုကြမည်လော။ မြင့်သော အရပ်ဌာနများနှင့်ယဇ်ပလ္လင်များကိုဟေဇကိ ဖျက်ဆီး၍ ယုဒပြည်သူတို့အားယေရုရှလင် မြို့ရှိယဇ်ပလ္လင်၌သာ ဝတ်ပြုကိုးကွယ်ကြရန် အမိန့်ထုတ်သည်မဟုတ်ပါလော။-
2 Chronicles 15:16အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။-
2 Chronicles 29:16ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
2 Chronicles 34:3ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
2 Chronicles 34:7မြောက်ဘက်နိုင်ငံတစ်လျှောက်လုံး၌ယဇ်ပလ္လင် များနှင့်တံခွန်တိုင်များကိုဖြိုဖျက်တော် မူ၏။ ရုပ်တုများကိုညက်ညက်ချေ၍နံ့သာ ပေါင်းမီးရှို့ရာယဇ်များကိုလည်းအပိုင်း ပိုင်းချိုးဖဲ့ပြီးမှယေရုရှလင်မြို့သို့ပြန် တော်မူ၏။
Isaiah 36:7ထို့နောက်သူသည်ဆက်လက်၍``သင်တို့က`ငါ တို့သည် မိမိတို့ဘုရားသခင်ထာဝရ ဘုရားကို အားကိုးပါသည်' ဟုငါ့အား ပြောဆိုကြပါမည်လော။ ဟေဇကိသည် ထာဝရဘုရားအားဝတ်ပြုရာဌာနများ နှင့် ယဇ်ပလ္လင်များကိုဖြိုဖျက်ပစ်ပြီးနောက် ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့အား ယေရုရှလင်မြို့ရှိယဇ်ပလ္လင် ၌သာလျှင် ဝတ်ပြုကိုးကွယ်ကြစေရန် မှာကြားခဲ့ပေသည်။-