ရာဇဝင်ချုပ်ပထမစောင် 30:17
လူအမြောက်အမြားပင်လျှင်ဘာသာရေးထုံး နည်းအရမသန့်စင်သူများဖြစ်သဖြင့် ပသခါ သိုးတို့ကိုမသတ်နိုင်ကြ။ သို့ဖြစ်၍သူတို့ကိုယ် စားလေဝိအနွယ်ဝင်များကသိုးတို့ကိုသတ် ပြီးလျှင် ထာဝရဘုရားအားဆက်ကပ်ပူဇော် ပေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 30
Cross References
Exodus 12:6ဣသရေလအမျိုးသားတို့သည်ထိုသားကောင် များကိုထိန်းကျောင်းထားပြီးလျှင် ပထမလ တစ်ဆယ်လေးရက်နေ့ညဦးပိုင်း၌ယင်းသား ကောင်တို့ကိုသတ်ရမည်။-
2 Chronicles 29:34ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
Ezekiel 44:11သူတို့သည်ဗိမာန်တော်တံခါးမှူးများအဖြစ် ဖြင့်လည်းကောင်း၊ ဗိမာန်တော်၏ဝေယျာဝစ္စကို ဆောင်ရွက်သူများအဖြစ်ဖြင့်လည်းကောင်းငါ ၏အမှုတော်ကိုထမ်းဆောင်နိုင်ခွင့်ရှိကြ၏။ သူ တို့သည်မီးရှို့ရာပူဇော်သကာနှင့်ယဇ်ပူဇော်ရန် အတွက်လူတို့ပေးအပ်ကြသည့်တိရစ္ဆာန်များ သတ်နိုင်ခွင့်ရှိ၏။ ထိုမှတစ်ပါးလည်းသူတို့ သည်အကူအညီပေးရန်အတွက်ဗိမာန် တော်တွင်ရှိနေရကြမည်။-