ရာဇဝင်ချုပ်ပထမစောင် 31:1
ပွဲတော်ပြီးဆုံးသွားသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည်ယုဒမြို့ရှိသမျှ သို့သွားလျက် ကျောက်တိုင်များကိုဖြိုဖျက်၍ အာရှရဘုရားမ၏တံခွန်တိုင်များကိုခုတ် လှဲကြ၏။ ယဇ်ပလ္လင်များနှင့်ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းဖြိုဖျက်ကြ၏။ သူတို့ သည်ယုဒနယ်မြေ၊ ဗင်္ယာမိန်နယ်မြေနှင့်မနာရှေ နယ်မြေတို့တွင်လည်းဤနည်းအတိုင်းပြုလုပ် ကြပြီးလျှင်မိမိတို့နေရပ်အသီးသီးသို့ ပြန်သွားကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 31
Cross References
Genesis 19:15နံနက်အချိန်အရုဏ်တက်အချိန်၌ ကောင်းကင်တမန်တို့ကလောတအားအမြန်ထွက်သွားရန်တိုက်တွန်းလေသည်။ သူတို့က``မြို့ကိုဖျက်ဆီးသောအခါသင်၏မယားနှင့်သမီးနှစ်ယောက်အသက်မဆုံးရစေရန် သူတို့ကိုခေါ်၍ယခုအမြန်ထွက်လော့'' ဟုဆို၏။-
Deuteronomy 7:5ထို့ကြောင့်သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ ရမည်။ သူတို့၏ဘုရားကျောက်တိုင်များကို ချိုးပစ်ရမည်။ အာရှရဘုရားမ၏တိုင်များ ကိုခုတ်လှဲရမည်။ သူတို့၏ရုပ်တုများကို မီးရှို့ဖျက်ဆီးရမည်။-
2 Kings 17:2သူသည်ထာဝရဘုရားအားပြစ်မှားသော် လည်း မိမိ၏နောင်တော်ဣသရေလဘုရင် များလောက်မဆိုးရွားချေ။-
2 Kings 23:2ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ဆင်းရဲ ချမ်းသာမရွေးယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်အတူ ဗိမာန်တော်သို့ကြွ တော်မူ၏။ မင်းကြီးသည်ထိုသူအပေါင်းတို့ အား ဗိမာန်တော်ထဲတွင်တွေ့ရှိရသောပဋိ ညာဉ်ကျမ်းစောင်ကို အစအဆုံးအသံကျယ် စွာဖတ်ပြတော်မူ၏။-
2 Chronicles 14:3သူသည်လူမျိုးခြားတို့၏ယဇ်ပလ္လင်များနှင့် ရုပ်တုကိုးကွယ်ရာဌာနများကိုဖြိုဖျက် ပြီးလျှင် ကျောက်တိုင်များနှင့်တံခွန်တိုင် များကိုခုတ်လှဲဖျက်ဆီးလေသည်။-
2 Chronicles 30:1ဘာသာရေးထုံးနည်းအရသန့်စင်မှုပြုပြီး သူ ယဇ်ပုရောဟိတ်အရေအတွက်လုံလောက် အောင်မရှိသောကြောင့်လည်းကောင်း၊ ယေရု ရှလင်မြို့သို့လာရောက်စုဝေးသူတို့သည် မများသောကြောင့်လည်းကောင်း၊ ပြည်သူ တို့သည်ပသခါပွဲတော်ကို ကျင်းပမြဲ ဖြစ်သည့်ပထမလတွင်မကျင်းပနိုင် ကြချေ။ ထိုကြောင့်ဟေဇကိမင်းနှင့် တကွ မှူးမတ်များနှင့်ယေရုရှလင်မြို့ သူမြို့သားအပေါင်းတို့သည် ထိုပွဲတော် ကိုဒုတိယလ၌ကျင်းပရန်သဘော တူကြလေသည်။ ထိုနောက်မင်းကြီးသည် ဣသရေလပြည်နှင့်ယုဒပြည်ရှိ လူ အပေါင်းတို့ထံသို့အကြောင်းကြားတော် မူ၏။ သူသည်ဧဖရိမ်အနွယ်နှင့်မနာရှေ အနွယ်တို့အားဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသည့်အနေဖြင့် ပသခါပွဲတော်ကိုကျင်းပရန်အတွက် ယေရုရှလင်မြို့ဗိမာန်တော်သို့လာ ရောက်ကြရန်အထူးဂရုပြု၍ ဖိတ် ကြားစာများပေးပို့တော်မူလေသည်။-