ရာဇဝင်ချုပ်ပထမစောင် 31:15
ယဇ်ပုရောဟိတ်များနေထိုင်ရာအခြားမြို့ များ၌ အခြားလေဝိအနွယ်ဝင်များဖြစ် ကြသောဧဒင်၊ ဗင်္ယာမိန်၊ ယောရှု၊ ရှေမာယ၊ အာမရိနှင့်ရှေကနိတို့ကကောရအား သစ္စာရှိစွာကူညီဆောင်ရွက်ပေးကြလေသည်။ သူတို့သည်မိမိတို့၏ညီအစ်ကိုလေဝိ အနွယ်ဝင်တို့အား သားချင်းစုအလိုက် မဟုတ်ဘဲသူတို့ထမ်းဆောင်ရသည့်တာဝန် ဝတ္တရားများအလိုက် ထိုလှူဖွယ်ပစ္စည်းများ ကိုခွဲဝေပေးကြရ၏။ မိမိတို့ရာထူး အလိုက်ဗိမာန်တော်တွင်နေ့စဉ် တာဝန် ထမ်းဆောင်ရသူအသက်သုံးဆယ်နှင့် အထက်ရှိသူအပေါင်းတို့သည်ဝေစု တစ်စုစီရရှိကြလေသည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 31
Cross References
1 Chronicles 6:54ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
1 Chronicles 24:31မိမိတို့၏ဆွေမျိုးများဖြစ်သောအာရုန်မှ ဆင်းသက်လာသော ယဇ်ပုရောဟိတ်များပြုခဲ့ ကြသည့်နည်းတူ၊ အိမ်ထောင်စုတိုင်းမှအိမ် ထောင်ဦးစီးနှင့်ယင်းအိမ်ထောင်မှညီဖြစ်သူ တစ်ယောက်သည်မဲချ၍ တာဝန်ဝတ္တရားများ ကိုယူရကြ၏။ ဤသို့ပြုရာ၌ဒါဝိဒ်မင်း၊ ဇာဒုတ်၊ အဟိမလက်၊ ယဇ်ပုရောဟိတ်တို့ ၏အိမ်ထောင်ဦးစီးများနှင့်လေဝိအနွယ် ဝင်တို့၏အိမ်ထောင်ဦးစီးများသည်အသိ သက်သေဖြစ်ကြ၏။
2 Chronicles 29:12ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။