ရာဇဝင်ချုပ်ပထမစောင် 31:19
အာရုန်မှဆင်းသက်လာသူတို့အားနေရာ ချထားသည့်မြို့များ၌ဖြစ်စေ၊ ထိုမြို့တို့ နှင့်သက်ဆိုင်သည့်စားကျက်များ၌ဖြစ်စေ နေထိုင်သူယဇ်ပုရောဟိတ်များတွင်ရိက္ခာ ခွဲဝေမှုတာဝန်ခံများရှိ၏။ သူတို့သည်ယဇ် ပုရောဟိတ်များ၏အိမ်ထောင်စုဝင်ယောကျာ်း မှန်သမျှနှင့် လေဝိသားချင်းစုစာရင်း ဝင်သူမှန်သမျှတို့အားစားနပ်ရိက္ခာ များကိုခွဲဝေပေးကြ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 31
Cross References
Leviticus 25:32လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
Numbers 35:2``ဣသရေလအမျိုးသားတို့သည်မိမိတို့ ရရှိသောနယ်မြေထဲမှ အချို့သောမြို့များ နှင့်ပတ်ဝန်းကျင်ရှိစားကျက်များကိုလေဝိ အနွယ်အားပေးရမည်။-
1 Chronicles 6:60သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
2 Chronicles 31:12ထိုလှူဖွယ်ပစ္စည်းများနှင့်ဆယ်ပုံတစ်ပုံ အလှူများကိုသိမ်းဆည်းထားကြ၏။ သူ တို့သည်ပစ္စည်းသိုလှောင်ခန်းများအတွက် လေဝိအနွယ်ဝင်ကောနနိအားတာဝန်ခံ အဖြစ်ဖြင့်လည်းကောင်း၊ သူ၏ညီရှိမိအား လက်ထောက်တာဝန်ခံအဖြစ်ဖြင့်လည်း ကောင်းခန့်အပ်ကြလေသည်။-