ရာဇဝင်ချုပ်ပထမစောင် 32:33
ဟေဇကိကွယ်လွန်သောအခါသူ၏အလောင်း ကိုဘုရင်များ၏သင်္ချိုင်းအထက်ပိုင်းတွင်သင်္ဂြိုဟ် ကြ၏။ သူကွယ်လွန်ချိန်၌ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့သည်သူ့အား အထူးဂုဏ်ပြုကြ၏။ သားတော်မနာရှေ သည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 32
Cross References
Numbers 20:29ဣသရေလအမျိုးသားအပေါင်းတို့သည် အာရုန်အနိစ္စရောက်ကြောင်းကြားသိရသော အခါ ရက်ပေါင်းသုံးဆယ်ပတ်လုံးဝမ်းနည်း ပူဆွေးကြလေသည်။
1 Samuel 2:30ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
1 Kings 1:21အရှင်ဤသို့မိန့်တော်မမူပါလျှင်ကျွန်မနှင့် ကျွန်မ၏သားရှောလမုန်သည် အရှင်မရှိသည့် နောက်သစ္စာဖောက်များအဖြစ်ဖြင့်ရာဇဝတ် သင့်သူများဖြစ်ကြတော့မည်'' ဟုလျှောက်၏။
1 Kings 11:43သူသည်ကွယ်လွန်၍ဒါဝိဒ်၏မြို့၌သင်္ဂြိုဟ်ခြင်း ကိုခံရ၏။ သားတော်ရောဗောင်သည်နန်းတက် လေ၏။
2 Chronicles 33:1မနာရှေသည်ယုဒဘုရင်အဖြစ်နန်းတက် ချိန်၌အသက်တစ်ဆယ့်နှစ်နှစ်ရှိ၏။ သူသည် ယေရုရှလင်မြို့တွင်ငါးဆယ့်ငါးနှစ်နန်းစံ ရလေသည်။-
Proverbs 10:7တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။