ရာဇဝင်ချုပ်ပထမစောင် 33:15
သူသည်လူမျိုးခြားတို့၏ဘုရားများနှင့်မိမိ ထားရှိခဲ့သည့်ရုပ်တုကိုဗိမာန်တော်ထဲမှ လည်းကောင်း၊ ရုပ်တုပူဇော်ရာယဇ်ပလ္လင်များ ကိုဗိမာန်တော်တည်ရာတောင်ကုန်းနှင့်ယေရု ရှလင်မြို့ရှိအခြားအရပ်များမှလည်း ကောင်းဖယ်ရှားတော်မူ၏။ မင်းကြီးသည် ထိုအရာအပေါင်းကိုမြို့ပြင်သို့ထုတ်ပစ် ပြီးလျှင်၊-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
2 Kings 21:7သူသည်အာရှရဘုရားမတံခွန်တိုင်ကိုဗိမာန် တော်တွင်ထားရှိ၏။ ထိုဗိမာန်တော်နှင့်ပတ်သက် ၍ ထာဝရဘုရားကဒါဝိဒ်နှင့်သားတော်ရှော လမုန်အား``ဣသရေလအနွယ်တစ်ဆယ့်နှစ် နွယ်တို့၏နယ်မြေရှိသမျှမှ ငါရွေးချယ် တော်မူရာယေရုရှလင်မြို့ရှိ ဤဗိမာန်တော် သည်ငါ့ကိုအစဉ်အမြဲဝတ်ပြုကိုးကွယ် ရာဌာနဖြစ်လိမ့်မည်။-
2 Chronicles 34:3ယောရှိသည်နန်းစံရှစ်နှစ်မြောက်၌အသက် အရွယ်အလွန်နုနယ်လျက်ပင်ရှိနေသေးစဉ် အခါ မိမိ၏ဘေးတော်ဒါဝိဒ်မင်း၏ဘုရားသခင်ကိုစတင်ဆည်းကပ်လေသည်။ နောက် လေးနှစ်မျှကြာသောအခါသူသည်ရုပ်တု ကိုးကွယ်ရာဌာနများ၊ အာရှရဘုရားမ ၏တံခွန်တိုင်များနှင့်အခြားရုပ်တုရှိ သမျှတို့ကိုဖျက်ဆီးလေသည်။-
Ezekiel 18:20သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
Matthew 3:8အကယ်ပင်နောင်တရကြောင်းကိုသင်တို့၏ အကျင့်အားဖြင့်ပြကြလော့။-