ရာဇဝင်ချုပ်ပထမစောင် 33:9
မနာရှေသည်ဣသရေလအမျိုးသားတို့ ချီတက်စဉ်က ထာဝရဘုရားနှင်ထုတ်တော် မူလိုက်သည့်လူမျိုးတို့ထက်ပို၍ပြစ်မှား စေရန် ကိုယ်တော်၏လူမျိုးတော်အားရှေ့ ဆောင်လမ်းပြ၏။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 33
Cross References
Deuteronomy 2:21သူတို့သည်အာနကလူမျိုးကဲ့သို့အရပ် အမောင်းမြင့်မားသည်။ သူတို့သည်လူဦးရေ များပြား၍ အင်အားကြီးမားသောလူမျိုး ဖြစ်သည်။ သို့ရာတွင်ထာဝရဘုရားသည် သူတို့အားဖယ်ရှားလိုက်သဖြင့် အမ္မုန်အမျိုး သားတို့ကသူတို့၏ပြည်ကိုသိမ်းပိုက်၍ အခြေချနေထိုင်ကြသည်။-
1 Kings 14:16ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
2 Kings 17:8ထာဝရဘုရား၏လူမျိုးတော်ချီတက်လာ ချိန်၌ ကိုယ်တော်နှင်ထုတ်တော်မူသောလူမျိုး တို့၏ဋ္ဌလေ့ထုံးစံများကိုလိုက်လျှောက်ကြ ၏။ ဣသရေလဘုရင်တို့တီထွင်ခဲ့သည့် ဋ္ဌလေ့ ထုံးစံများကိုခံယူကျင့်သုံးကြ၏။-
2 Kings 21:16မနာရှေသည်ယုဒပြည်သူတို့အားရုပ်တုကိုး ကွယ်စေရန် ရှေ့ဆောင်လမ်းပြကာထာဝရဘုရား အားပြစ်မှားစေ၏။ ထို့အပြင်အပြစ်မဲ့သူလူ အမြောက်အမြားကိုသတ်၍ ယေရုရှလင်မြို့ လမ်းများတွင်သွေးချောင်းစီးစေလေသည်။
2 Kings 24:3ထာဝရဘုရားသည်မနာရှေပြုခဲ့သည့် ဒုစရိုက်အပေါင်းတို့ကြောင့် အထူးသဖြင့် အပြစ်မဲ့သူတို့ကိုသတ်ဖြတ်ခဲ့သည့်အပြစ် ကြောင့် ယုဒပြည်သူတို့အားမျက်မှောက်တော် မှနှင်ထုတ်တော်မူလိုသဖြင့် ဤသို့စီရင် တော်မူခြင်းဖြစ်သတည်း။ ထိုပြစ်မှုကြောင့် ထာဝရဘုရားသည်မနာရှေအားအပြစ် ဖြေလွှတ်တော်မမူနိုင်။
2 Chronicles 33:2မနာရှေသည်ကိုယ်တော်၏လူမျိုးတော်ချီတက် စဉ်က ထာဝရဘုရားနှင်ထုတ်တော်မူသောလူ မျိုးတို့၏အကျင့်ဋ္ဌလေ့များကိုယူ၍ကိုယ် တော်အားပြစ်မှား၏။-