ရာဇဝင်ချုပ်ပထမစောင် 34:19
ယင်းသို့ဖတ်ပြသည်ကိုမင်းကြီးကြားသော အခါ မိမိ၏အဝတ်များကိုဆုတ်လေသည်။-
Common Language Bible
In The King James Version
And it came to pass, when the king had heard the words of the law, that he rent his clothes.
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
Joshua 7:6ယောရှုနှင့်ဣသရေလအမျိုးသားခေါင်း ဆောင်တို့သည်ဝမ်းနည်းစိတ်ပျက်လျက် မိမိ တို့၏အဝတ်များကိုဆုတ်ဖြဲ၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့တွင်ဝမ်း နည်းသည့်အနေဖြင့် မိမိတို့၏ဦးခေါင်း ပေါ်မှာမြေမှုန့်တင်လျက်ညဦးတိုင်အောင် ပျပ်ဝပ်လျက်နေကြ၏။-
2 Kings 22:11မင်းကြီးသည်ပညတ်တရားကျမ်းစကား ကိုကြားသောအခါ ဝမ်းနည်းလျက်အဝတ် တော်ကိုဆုတ်လေသည်။-
Nehemiah 8:9သူတို့သည်ပညတ်တရားပြဋ္ဌာန်းချက်များ ကိုကြားသောအခါ စိတ်ထိခိုက်သဖြင့်ငို ကြွေးကြကုန်၏။ သို့ဖြစ်၍ဘုရင်ခံနေဟမိ၊ ပညတ်ကျမ်းတတ်ယဇ်ပုရောဟိတ်ဧဇရနှင့် ပညတ်ကျမ်းစာတော်၏အနက်အဋ္ဌိပ္ပါယ်ကို ရှင်းပြသူလေဝိအနွယ်ဝင်တို့က``ဤနေ့ သည်သင်တို့ဘုရားသခင်ထာဝရဘုရား ၏နေ့မြတ်ဖြစ်၏။ သင်တို့သည်ငိုကြွေးမြည် တမ်းမှုကိုမပြုကြနှင့်။-
Joel 2:13သင်တို့သည်မိမိတို့အဝတ်များကို ဆုတ်ဖြဲခြင်းအားဖြင့်သာမဟုတ်ဘဲ၊ ကျိုးပဲ့သောစိတ်နှလုံးအားဖြင့်သင်တို့ ဝမ်းနည်းမှုကိုဖော်ပြရာ၏။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ထံတော်သို့ ပြန်လာကြလော့။ ကိုယ်တော်သည်သနားခြင်းမေတ္တာကရုဏာ တော်နှင့် ပြည့်စုံတော်မူ၏။ စိတ်ရှည်၍မိမိကတိတော်အတိုင်း ပြုတော်မူတတ်၏။ ကိုယ်တော်သည်အပြစ်များကိုဖြေလွှတ်ရန် အစဉ်ပင်အသင့်ရှိတော်မူသဖြင့်အပြစ် ဒဏ် ခတ်တော်မူလိမ့်မည်မဟုတ်။
Romans 7:7သို့ဖြစ်လျှင်ငါတို့မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည်ဆိုးယုတ်သည့်အရာဖြစ် သည်ဟုဆိုရမည်လော။ သို့ရာတွင်အပြစ်ဟူ သည်မှာအဘယ်အရာဖြစ်သည်ကို ငါ့အား ပညတ်တရားကသိရှိစေ၏။ အကယ်၍ ပညတ်တော်က ``လောဘလွန်ကူးခြင်းမရှိ နှင့်'' ဟုမဆိုလျှင်လောဘလွန်ကူးခြင်း ဟူသည်မှာအဘယ်အရာဖြစ်ကြောင်းကို ငါသိရှိလိမ့်မည်မဟုတ်။-
Galatians 3:10ပညတ်တရားစောင့်ထိန်းမှုကိုအားကိုးသော သူတို့မူကား ကျိန်စာသင့်လျက်ရှိကြ၏။ ကျမ်း စာတော်က ``ပညတ်တရားတွင်ပါရှိသည့် ပြဋ္ဌာန်းချက်မှန်သမျှကိုမစောင့်ထိန်းသူ သည် ဘုရားသခင်၏ကျိန်စာသင့်စေ'' ဟု ဖော်ပြပေသည်။-