ရာဇဝင်ချုပ်ပထမစောင် 34:31
သူသည်ဘုရင့်ကျောက်တိုင် အနီးတွင်ရပ်လျက်``အကျွန်ုပ်သည်ကိုယ်တော် ၏စကားတော်ကိုနားထောင်ပါမည်။ ကိုယ် တော်၏တရားတော်နှင့်ပညတ်တော်တို့ကို စိတ်ရောကိုယ်ပါစောင့်ထိန်းပါမည်။ ကျမ်း စောင်တော်တွင်ရေးထားသည့်အတိုင်းပဋိ ညာဉ်တော်ဆိုင်ရာပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးပါမည်'' ဟုထာဝရ ဘုရားနှင့်ပဋိညာဉ်ပြုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 34
Cross References
Deuteronomy 6:5သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
Deuteronomy 29:1သိနာတောင်ပေါ်တွင်ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ် ပြုပြီးသည့်အပြင် ယခုတစ်ဖန်မောဘပြည် ၌မောရှေအားဖြင့် ဣသရေလအမျိုးသား တို့နှင့်ပဋိညာဉ်ပြုတော်မူသည်။
Joshua 24:25ထို့ကြောင့်ယောရှုသည်ထိုနေ့၌လူတို့နှင့် ပဋိညာဉ်ပြုပြီးလျှင် ရှေခင်မြို့တွင်သူတို့ လိုက်နာရမည့်ပညတ်များကိုပြဋ္ဌာန်းပေး လေသည်။-
2 Kings 11:14ဗိမာန်တော်အဝင်ဝရှိတိုင်အနီး၌ ယုဒ မင်းတို့ဋ္ဌလေ့ထုံးစံရှိသည့်အတိုင်းရပ် လျက်နေသောဘုရင်သစ်ကိုလည်းကောင်း၊ တပ်မှူးများနှင့်တံပိုးခရာမှုတ်သူများ သည် မင်းကြီးကိုခြံရံလျက်လူအပေါင်း တို့ကလည်း ဝမ်းမြောက်ရွှင်လန်းစွာကြွေး ကြော်လျက် တံပိုးခရာများကိုမှုတ်လျက် နေကြသည်ကိုလည်းကောင်းမြင်လျှင် မိမိ၏အဝတ်ကိုဆုတ်လျက်``ပုန်ကန်မှု ပါတကား၊ ပုန်ကန်မှုပါတကား'' ဟု အော်ဟစ်၏။
2 Chronicles 6:13(ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
2 Chronicles 15:15ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။