ရာဇဝင်ချုပ်ပထမစောင် 35:25
ပရောဖက်ယေရမိသည်ယောရှိမင်းအကြောင်း ငိုချင်းတစ်ပုဒ်ကိုရေးစပ်သီကုံး၍ အမျိုး သားအမျိုးသမီးအဆိုတော်များကယောရှိ ကွယ်လွန်သည့်အတွက် ဝမ်းနည်းပူဆွေးသည့် အထိမ်းအမှတ်ပြုရာတွင်ဤသီချင်းကို သီဆိုကြလေသည်။ ယင်းသို့သီဆိုမှုမှာ ဣသရေလအမျိုးသားတို့၏ဋ္ဌလေ့ထုံးစံ ဖြစ်လာရာ၊ ထိုငိုချင်းသည်ငိုချင်းပေါင်း ချုပ်တွင်ပါဝင်လေသည်။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
Judges 11:40ဣသရေလပြည်ဂိလဒ်မြို့သားယေဖသ ၏သမီးအတွက်နှစ်စဉ်နှစ်တိုင်းလေးရက်မျှ ဣသရေလအမျိုးသမီးတို့သည်ထွက်၍ ငိုကြွေးမြည်တမ်းကြသည့်ဋ္ဌလေ့ထုံးစံရှိ သတည်း။
Job 3:8နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ်သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထိုညဉ့်ကို ကျိန်ဆဲပါစေ။
Jeremiah 9:17အနန္တတန်ခိုးရှင်ထာဝရဘုရားက ``စဉ်းစားဆင်ခြင်ကြလော့။ ငိုချင်းသည်များ၊မသာသီချင်းကိုကျွမ်း ကျင်စွာ သီဆိုတတ်သူ အမျိုးသမီးများအားခေါ်ယူကြလော့'' ဟုမိန့်တော်မူ၏။
Jeremiah 22:20ယေရုရှလင်မြို့သားတို့၊သင်တို့၏မဟာမိတ် များသည် အရေးရှုံးနိမ့်ကြလေပြီ။ သို့ဖြစ်၍သင်တို့သည်လေဗနုန်တောင်ထိပ်သို့ တက်၍ ကြွေးကြော်ကြလော့။ ဗာရှန်ပြည်သို့သွား၍အော်ဟစ်ကြလော့။ မောဘပြည်တောင်များပေါ်မှအသံကို လွှင့်လော့။
Matthew 9:23သခင်ယေရှုသည်တရားဇရပ်အုပ်ချုပ်ရေးမှူး ၏အိမ်သို့ရောက်တော်မူလျှင် တီးမှုတ်သူများနှင့် ဆူညံလျက်နေသောလူပရိသတ်ကိုမြင်တော်မူ ၏။-