ရာဇဝင်ချုပ်ပထမစောင် 35:3
ဣသရေလအမျိုးသားတို့ကိုသြဝါဒပေး ရသော၊ မိမိတို့ကိုယ်ကို ထာဝရဘုရားအား ဆက်ကပ်ပူဇော်ထားသူများဖြစ်သောလေဝိ အနွယ်ဝင်တို့အားမင်းကြီးက``ဒါဝိဒ်၏သား တော်ရှောလမုန်မင်းတည်ဆောက်တော်မူခဲ့ သည့်ဗိမာန်တော်တွင် ပဋိညာဉ်သေတ္တာတော် ကိုထားရှိကြလော့။ သင်တို့သည်ထိုသေတ္တာ တော်ကိုတစ်နေရာမှတစ်နေရာသို့ပြောင်း ရွှေ့မှုမပြုကြတော့ဘဲ သင်တို့ဘုရားသခင် ထာဝရဘုရားနှင့်ကိုယ်တော်၏လူမျိုးတော် အတွက်အမှုတော်ကိုထမ်းဆောင်ရကြ မည်။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 35
Cross References
Numbers 4:15စခန်းသိမ်းချိန်ရောက်၍အာရုန်နှင့်သူ၏သား များက သန့်ရှင်းသောအသုံးအဆောင်ပစ္စည်း အားလုံးတို့ကိုဖုံးအုပ်ပြီးမှသာလျှင် ကော ဟတ်၏သားချင်းစုတို့သည်လာ၍ထိုပစ္စည်း များကိုထမ်းရကြမည်။ ကောဟတ်၏သား ချင်းစုတို့သည်ထိုပစ္စည်းများကိုလက်နှင့် မထိရ။ ထိမိလျှင်အသက်သေဆုံးရ ကြမည်။ တဲတော်ကိုပြောင်းရွှေ့သည့်အခါတိုင်း ကောဟတ်၏သားချင်းစုတို့သည်အဆို ပါတာဝန်များကိုထမ်းဆောင်ကြရမည်။
Numbers 16:9ဣသရေလအမျိုးသားတို့၏ဘုရားသခင်သည် သင်တို့ကိုထာဝရဘုရားထံ တော်သို့ချဉ်းကပ်ရန် ထာဝရဘုရား၏ တဲတော်တွင်အမှုထမ်းရန်နှင့် တစ်မျိုး သားလုံး၏အမှုကိုဆောင်ရွက်ရန်သီး သန့်ရွေးချယ်တော်မူ၏။ ဤအခွင့်အရေး သည်သေးသိမ်သောအခွင့်အရေးမဟုတ်။-
1 Chronicles 23:26ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
2 Chronicles 8:11ရှောလမုန်သည်မိမိ၏မိဖုရားဖြစ်သူအီဂျစ် ဘုရင်၏သမီးတော်ကိုဒါဝိဒ်မြို့တော်မှသူ ၏အတွက်ဆောက်လုပ်ထားသောစံနန်းသို့ခေါ် ဆောင်လာတော်မူ၏။ မင်းကြီးက``ပဋိညာဉ်သေတ္တာ တော်ကိန်းဝပ်ဖူးရာအရပ်သည်သန့်ရှင်းမြင့် မြတ်သည်ဖြစ်၍ ထိုအမျိုးသမီးသည်ဣသ ရေလဘုရင်ဒါဝိဒ်၏နန်းတော်တွင်နေထိုင် ရန်မသင့်'' ဟုမိန့်တော်မူ၏။
2 Chronicles 17:8သူတို့နှင့်အတူလေဝိအနွယ်ဝင်ကိုးဦး နှင့်ယဇ်ပုရောဟိတ်နှစ်ပါးလိုက်ပါသွား ကြ၏။ လေဝိအနွယ်ဝင်တို့မှာရှေမာယ၊ နေသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘ၊ ဒေါနိယတို့ဖြစ်ကြ၏။ ယဇ်ပုရောဟိတ် တို့မှာဧလိရှမာနှင့်ယောရံတို့ဖြစ်ကြ ၏။-
2 Chronicles 30:22ထာဝရဘုရားအားဝတ်ပြုကိုးကွယ်မှုကို ကျွမ်းကျင်စွာစီစဉ်ဆောင်ရွက်ပေးသည့် အတွက် ဟေဇကိမင်းသည်လေဝိအနွယ် ဝင်တို့ကိုချီးကူးတော်မူ၏။ သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြု၍ ခုနစ်ရက်တိုင်တိုင်ယဇ်ပူဇော်ကြပြီးသော အခါ၊-