ရာဇဝင်ချုပ်ပထမစောင် 36:16
သို့ရာတွင်သူတို့သည်ဘုရားသခင်၏စေတမန် တို့အားပြက်ရယ်ပြု၍ အမိန့်တော်ကိုနားမထောင် ကြ။ ပရောဖက်တို့အားပြောင်လှောင်ကြ၏။ သို့ ဖြစ်၍နောက်ဆုံး၌ထာဝရဘုရားသည်ပြင်း စွာအမျက်ထွက်တော်မူသဖြင့် သူတို့အား ချမ်းသာမပေးတော့ချေ။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 36
Cross References
Leviticus 26:15သင်တို့သည်ငါ၏ပညတ်နှင့်အမိန့်တော်များ ကိုမနာခံဘဲ သင်တို့နှင့်ငါပြုသောပဋိညာဉ် ကိုချိုးဖောက်လျှင်၊-
2 Kings 2:23ဧလိရှဲသည်ဗေသလမြို့သို့သွားရန် ယေရိခေါ မြို့မှထွက်ခွာခဲ့၏။ လမ်းတွင်မြို့တစ်မြို့မှသူ ငယ်အချို့တို့သည်ထွက်လာပြီးလျှင် သူ့အား ပြောင်လှောင်ကြ၏။ သူတို့က``ဦးပြည်း၊ ခေါင်းတုံး ကြီး၊ ဤအရပ်မှထွက်သွားလော့'' ဟုအော်ဟစ် ကြ၏။
2 Chronicles 24:19ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
Ezra 5:12သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။-
Psalms 74:1အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားဤသို့စွန့်ပစ်၍ ထားတော်မူပါသနည်း။ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အစဉ်အမြဲ အမျက်ထွက်၍နေတော်မူပါမည်လော။
Proverbs 1:24ငါသည်ခေါ်၍ သင်တို့သည် ငြင်းပယ်သော ကြောင့်၎င်း၊ ငါ့လက်ကိုဆန့်၍ အဘယ်သူမျှမမှတ်သော ကြောင့်၎င်း၊