ရာဇဝင်ချုပ်ပထမစောင် 4:6
သူတို့သည်ဗိမာန်တော်တောင်ဘက်တွင်ငါးလုံး နှင့်မြောက်ဘက်တွင် ငါးလုံးထားရှိရန်အင်တုံ ဆယ်လုံးကိုလည်းပြုလုပ်လေသည်။ ထိုအင်တုံ တို့သည်မီးရှို့ပူဇော်ရာယဇ်ကောင်များ၏ အစိတ်အပိုင်းတို့ကိုဆေးကြောရန်အတွက် ဖြစ်၏။ ရေကန်မူကားယဇ်ပုရောဟိတ်တို့ ဆေးကြောရန်အတွက်ဖြစ်လေသည်။
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 4
Cross References
Exodus 29:4``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
Leviticus 1:9ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
1 Kings 7:38ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
2 Chronicles 4:2အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့်ငါးပေ၊ လုံးပတ်လေးဆယ့်ငါးပေရှိသောကြေးဝါ ရေကန်ကိုလည်းပြုလုပ်စေတော်မူ၏။-
Ezekiel 40:38တံတိုင်းအပြင်ဝင်းအတွင်း၌မြောက်ဘက်အတွင်းမုခ်ပေါက်နှင့်ကပ်၍တည်ဆောက်ထားသောတိုးချဲ့ဆောင်ရှိ၏။ ထိုအဆောက်အအုံမှနေ၍တံတိုင်းအပြင်ဝင်းသို့မျက်နှာမူလျက်ရှိသည့်အဝင်ခန်းကိုဝင်နိုင်၏။ ဤအဆောက်အအုံသည်တစ်တောင်လုံးမီးရှို့ပူဇော်မည့်ယဇ်ကောင်များကိုဆေးကြောရာဖြစ်၏။-
Hebrews 9:14ခရစ်တော်၏သွေးတော်သည်ထိုအရာတို့ထက် အဘယ်မျှပို၍ သန့်စင်နိုင်စွမ်းရှိလိမ့်မည်နည်း။ ခရစ်တော်သည်ထာဝရဝိညာဉ်တော်အားဖြင့် မိမိကိုယ်ကိုအပြစ်အနာအဆာကင်းသည့် ယဇ်ကောင်အဖြစ်ဖြင့် ဘုရားသခင်အားပူဇော် ဆက်သတော်မူ၏။ အသက်ရှင်တော်မူသော ဘုရားသခင်၏အမှုတော်ကိုငါတို့ဆောင် ရွက်နိုင်ကြစေရန် ခရစ်တော်၏သွေးတော်သည် အကျိုးမဲ့သည့်ထုံးနည်းများကိုလိုက်နာမှု ကြောင့် မကြည်လင်သောငါတို့၏သြတ္တပ္ပ စိတ်ကိုကြည်လင်စေတော်မူလိမ့်မည်။