ရာဇဝင်ချုပ်ပထမစောင် 9:1
ရှေဘပြည်ဘုရင်မသည်ရှောလမုန်၏ဂုဏ် သတင်းကိုကြားသိရသဖြင့် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။ ဘုရင်မ သည်များစွာသောအခြွေအရံလိုက်ပါ လျက်နံ့သာမျိုးများ၊ ကျောက်မျက်ရတနာ များ၊ ရွှေအမြောက်အမြားတင်ဆောင်သည့် ကုလားအုတ်များနှင့်ရောက်ရှိလာလေသည်။ သူသည်မင်းကြီး၏ရှေ့တော်သို့ရောက်ရှိ လာသောအခါမိမိစဉ်းစားရသမျှသော ပုစ္ဆာတို့ကိုမေးတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of ရာဇဝင်ချုပ်ပထမစောင် 9
Cross References
Genesis 10:28သြဗလလူမျိုး၊ အဘိမေလလူမျိုး၊ ရှေဘလူမျိုး၊-
1 Samuel 1:15ဟန္နက``အရှင်၊ ကျွန်မသည်အရက်မမူးပါ။ အရက်မသောက်ပါ။ ကျွန်မသည်အလွန်ပင် စိတ်ပျက်၍ မိမိ၏ဆင်းရဲဒုက္ခကိုရင်ဖွင့်ကာ ထာဝရဘုရားထံတွင်ဆုတောင်းပတ္ထနာ ပြုလျက်နေခဲ့ပါ၏။-
1 Kings 10:1ရှေဘပြည့်ရှင်ဘုရင်မသည် ရှောလမုန်၏ကျော် စောကိတ္တိသတင်းကိုကြားလျှင် ခက်ခဲသောပုစ္ဆာ များဖြင့်မင်းကြီးအားပညာစမ်းရန်ယေရု ရှလင်မြို့သို့ကြွလာတော်မူ၏။-
2 Chronicles 1:12ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
Psalms 49:4ငါသည်စကားပုံများကိုအာရုံစိုက်၍စဉ်းစားမည်။ ယင်းတို့၏အနက်အဋ္ဌိပ္ပါယ်ကိုစောင်းတီးလျက် ရှင်းလင်းဖော်ပြမည်။
Psalms 72:15မင်းကြီးသည်သက်တော်ရှည်ပါစေသော။ အာရေဗျပြည်မှရွှေများကိုလက်ဆောင်ပဏ္ဏာ အဖြစ်ရရှိပါစေသော။ လူတို့သည်မင်းကြီး၏အတွက်အစဉ်ဆုတောင်း ပတ္ထနာများပြုကြပါစေသော။ ဘုရားသခင်သည်မင်းကြီးအားအစဉ်အမြဲ ကောင်းချီးပေးတော်မူပါစေသော။