ကောရိန္တုဩဝါဒစာဒုတိယစောင် 1:17
ယင်းသို့ကြံစည်ခဲ့ခြင်းမှာငါ၌စိတ်နှစ်ခွရှိ လေသလော။ ငါကြံစည်ဆုံးဖြတ်သည့်အခါ များ၌တစ်ကိုယ်ကောင်းသဘောအရကြံစည် ဆုံးဖြတ်လေသလော။ တစ်ချိန်တည်းမှာပင် ဟုတ်မှန်သည်ဟူ၍လည်းကောင်း၊ မဟုတ်မမှန် ဟူ၍လည်းကောင်းစကားနှစ်ခွဆိုလေ သလော။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1
Cross References
Jeremiah 23:32ငါထာဝရဘုရားမိန့်တော်မူသည့်စကား ကိုနားထောင်ကြလော့။ မုသားအပြည့်ပါသည့် မိမိတို့၏အိပ်မက်များအကြောင်းကိုဟော ပြောကြသောပရောဖက်တို့ကိုငါဆန့်ကျင် ဘက်ပြုမည်။ သူတို့သည်ထိုအိပ်မက်များကို လိမ်လည်ကြွားဝါဟောပြောခြင်းအားဖြင့် ငါ ၏လူမျိုးတော်အားလမ်းလွဲစေကြ၏။ ငါ သည်သူတို့အားမစေလွှတ်ခဲ့။ သွားရန်လည်း အမိန့်မပေးခဲ့။ သို့ဖြစ်၍သူတို့သည်လူတို့ အတွက်အဘယ်သို့မျှအကျိုးမပြုကြ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
Matthew 5:37သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။
2 Corinthians 1:12ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
2 Corinthians 10:2ငါတို့သည်လောကီအကျိုးကိုမြော်ကိုး၍ ဆောင်ရွက်သူများဖြစ်သည်ဟုစွပ်စွဲဝေဖန် ကြသောသူတို့အား ငါသည်မိမိ၏ရဲစွမ်း သတ္တိကိုငါပြနိုင်ကြောင်းကိုသိစေလို၏။ သို့ ဖြစ်၍သင်တို့ထံသို့ငါရောက်ရှိလာသော အခါ ထိုရဲစွမ်းသတ္တိကိုပြရသည့်အဖြစ် နှင့်မကြုံမတွေ့ရပါစေနှင့်။-
Galatians 2:2ဘုရားသခင်၏ဗျာဒိတ်တော်အတိုင်း ဤသို့ သွားရောက်ခြင်းဖြစ်သည်။ ငါသည်ခေါင်းဆောင် များနှင့်သာတွေ့ဆုံကာလူမျိုးခြားတို့အား ငါဟောပြောကြေညာသည့်သတင်းကောင်း ကိုတင်ပြ၏။ ဤသို့တင်ပြရခြင်းမှာ ယခင် အခါကသော်လည်းကောင်း၊ ယခုအခါ ၌သော်လည်းကောင်း ငါကြိုးစားဆောင်ရွက် သည့်အမှုတော်ကိုအချည်းနှီးမဖြစ်စေ လိုသောကြောင့်ဖြစ်၏။-
James 5:12ငါ့ညီအစ်ကိုတို့၊ အထူးသဖြင့်ကျိန်ဆိုမှု ကိုမပြုကြနှင့်။ ကောင်းကင်ဘုံသို့မဟုတ် ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုနှင့်။ အဘယ်အရာကိုမျှတိုင်တည်၍မကျိန်ဆို နှင့်။ သင်တို့စကားသည်ဟုတ်လျှင်ဟုတ်သည် ဟူ၍လည်းကောင်း၊ မဟုတ်လျှင်မဟုတ်ဟူ၍ လည်းကောင်းဖြစ်စေကြလော့။ သို့ပြုလျှင် သင်တို့သည်ဘုရားသခင်၏တရားစီရင် တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။