ကောရိန္တုဩဝါဒစာဒုတိယစောင် 1:24
သင်တို့သည်မည်သည့်အရာကိုယုံကြည်ရ မည်ကိုသင်တို့အားအမိန့်ပေးရန်ငါတို့ ကြိုးစားနေခြင်းမဟုတ်။ သင်တို့၏ယုံကြည် ခြင်းသည်ခိုင်မာလျက်ရှိကြောင်းငါတို့သိ ကြ၏။ ငါတို့သည်သင်တို့၏ရွှင်လန်းဝမ်း မြောက်မှုအတွက်သင်တို့နှင့်အတူလုပ် ဆောင်နေခြင်းသာဖြစ်၏။
Common Language Bible
In The King James Version
Not for that we have dominion over your faith, but are helpers of your joy: for by faith ye stand.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 1
Cross References
Matthew 24:49ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။-
Romans 5:2ထိုအရှင်သည်ငါတို့အားယုံကြည်ခြင်းကြောင့် ဤကဲ့သို့ဘုရားသခင်၏ကျေးဇူးတော်ကိုခံ စားစေတော်မူ၏။ ထိုကျေးဇူးတော်ကိုယခုငါ တို့ခံစားလျက်ရှိကြ၏။ သို့ဖြစ်၍ငါတို့သည် ဘုရားသခင်၏ဘုန်းအသရေတော်ကိုခံစား ရန်မျှော်လင့်ခြင်းအတွက်ဝါကြွားဝမ်းမြောက် ကြ၏။-
1 Corinthians 3:5အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-
2 Corinthians 2:1ထို့ကြောင့်သင်တို့ထံနောက်တစ်ဖန်ငါလာလျှင် သင်တို့အားဝမ်းနည်းစေမည်ဖြစ်၍ငါမလာ ရန်စိတ်ပိုင်းဖြတ်ထား၏။-
2 Corinthians 5:7ငါတို့၏ဘဝအတွက်ယုံကြည်ခြင်းသည် အဋ္ဌိကဖြစ်၏။ မျက်စိဖြင့်မြင်ခြင်းသည် အဋ္ဌိကမဟုတ်။-
Philippians 1:25ဤသို့ယုံကြည်စိတ်ချသဖြင့်ငါသည်သင်တို့ နှင့်အတူနေမည်။ သင်တို့အားတိုးတက်ကြီး ပွားစေရန်နှင့်ယုံကြည်ခြင်း၌ဝမ်းမြောက် စေရန်ငါသည်သင်တို့နှင့်အတူနေမည်။-