ကောရိန္တုဩဝါဒစာဒုတိယစောင် 10:1
ခရစ်တော်၏စိတ်နှိမ့်ချမှု၊ နူးညံ့သိမ်မွေ့မှုတို့ ကိုအကြောင်းပြု၍ငါသည်သင်တို့အားမေတ္တာ ရပ်ခံပါ၏။ ငါကားသင်တို့ရှေ့မှောက်တွင်ပျော့ ညံ့၍သင်တို့မျက်ကွယ်တွင်မူရဲစွမ်းသတ္တိရှိ သူပေါလုပင်ဖြစ်ပေသည်။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 10
Cross References
Isaiah 42:3သူသည်ကောက်နေသောကူရိုးကိုမချိုး၊ မှိတ် တုတ် မှိတ်တုတ်၊ သေခါနီးမီးကိုမငြိမ်းသတ်ဘဲရှိ လိမ့်မည်။ သူသည်လူအပေါင်းတို့အားတရားမျှတစွာ စီရင်အုပ်ချုပ်လိမ့်မည်။
Matthew 11:29ငါသည်နူးညံ့သိမ်မွေ့၍စိတ်နှလုံးနှိမ့်ချ၏။ ထို ကြောင့်ငါတင်သောထမ်းပိုးကိုထမ်း၍ ငါ၏ထံတွင် နည်းနာခံယူကြလော့။ သင်တို့သည်သုခချမ်းသာ ရရှိကြလိမ့်မည်။-
Romans 10:20ဟေရှာယက၊ ``ငါ့ကိုမရှာသောသူတို့သည်ငါ့ကိုတွေ့ရှိ ကြ၏။ ငါ၏အကြောင်းကိုမစုံစမ်းမမေးမြန်းသော သူတို့သည်ငါ့ကိုဖူးမြင်ရကြ၏'' ဟုပို၍ပင်ပြတ်သားစွာဆို၏။-
Romans 15:15သို့သော်ဤစာတွင်အချို့အမှုကိစ္စများနှင့် ပတ်သက်၍သင်တို့အားသတိပေးရာ၌ ငါ သည်ဘုရားသခင်ပေးသနားတော်မူသော အခွင့်ထူးကိုအကြောင်းပြု၍ရဲတင်း ပွင့်လင်းစွာရေးသားထား၏။-
1 Corinthians 4:10ငါတို့သည်ခရစ်တော်အတွက်လူမိုက်ဖြစ် ရ၏။ သင်တို့ကားခရစ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်သူပညာရှိများဖြစ်ကြ သည်။ ငါတို့သည်ချည့်နဲ့သူ၊ သင်တို့ကား စွမ်းသန်သူ၊ ငါတို့သည်အသရေမဲ့သူ၊ သင်တို့ကားအသရေရှိသူများဖြစ်ကြ ပါသည်တကား။-