ကောရိန္တုဩဝါဒစာဒုတိယစောင် 11:13
ထိုသူတို့ကားတမန်တော်အတုများသာဖြစ် ကြ၏။ မိမိတို့ကိုယ်ကိုခရစ်တော်၏တမန်တော် များအဖြစ်ယောင်ဆောင်လျက်လှည့်စားလုပ် ဆောင်သူများတည်း။-
Common Language Bible
In The King James Version
For such are false apostles, deceitful workers, transforming themselves into the apostles of Christ.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
Acts 15:1လူအချို့တို့သည်ယုဒပြည်မှအန္တိအုတ်မြို့ သို့သွားရောက်၍ ညီအစ်ကိုတို့အား ``သင်တို့ သည်မောရှေ၏ပညတ်တရားအရ အရေ ဖျားလှီးမင်္ဂလာကိုမခံယူလျှင်ကယ်တင် ခြင်းမရနိုင်'' ဟုဟောပြောသွန်သင်ကြ၏။-
Acts 20:30သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
2 Corinthians 2:17ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
2 Corinthians 11:15သို့ဖြစ်၍သူ၏တပည့်များသည်ဖြောင့်မတ်ခြင်း တရားကိုဟောပြောကြေညာသူများအဖြစ် ယောင်ဆောင်ကြသည်မှာအံ့သြစရာမဟုတ် ပေ။ နောက်ဆုံး၌သူတို့သည်မိမိတို့ကျင့်ကြံ ပြုမူသည်အတိုင်းထိုက်သင့်ရာအကျိုး အပြစ်ကိုခံစားကြရလိမ့်မည်။
Galatians 6:12သင်တို့အားအရေဖျားလှီးမင်္ဂလာခံရန် အနိုင် အထက်တိုက်တွန်းကြသူတို့သည် ပြင်ပအမှတ် လက္ခဏာများအတွက် ဂုဏ်ယူပြစားလိုသူများ ဖြစ်ပေသည်။ သို့ရာတွင်ဤသို့ပြုရခြင်းမှာ ခရစ်တော်၏လက်ဝါးကပ်တိုင်တရားတော် အတွက် သူတို့ကိုယ်တိုင်ညှဉ်းဆဲနှိပ်စက်ခြင်း ခံကြရမည်စိုးသောကြောင့်ဖြစ်၏။-