ကောရိန္တုဩဝါဒစာဒုတိယစောင် 11:17
ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။-
Common Language Bible
In The King James Version
In Context
18သို့သော်လူအများကလောကီအရာများ အတွက်ကြွားဝါတတ်ကြသည်ဖြစ်ရာ ငါ သည်လည်းကြွားဝါမည်။-
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
1 Corinthians 7:12(သခင်ဘုရားပညတ်တော်မမူသော်လည်း) အခြားသူတို့အားငါပညတ်လိုသည်မှာ ယုံကြည်သူအမျိုးသားတစ်ယောက်သည် မယုံကြည်သူမယားရှိက ထိုအမျိုးသမီး ကဆက်လက်ပေါင်းသင်းနေလိုပါမူ သူ့အား မကွာမရှင်းရဟူ၍ပင်ဖြစ်၏။-
2 Corinthians 9:4အကယ်၍ငါနှင့်အတူမာကေဒေါနိပြည် သားအချို့တို့လိုက်ပါလာ၍ သင်တို့မှာ အသင့်ပြင်ဆင်ထားမှုမရှိသည်ကိုတွေ့ရှိ ရပါက သင်တို့သာလျှင်အရှက်ရကြလိမ့် မည်မဟုတ်။ ငါတို့သည်လည်းသင်တို့အား များစွာယုံကြည်စိတ်ချမိသည်အတွက် အရှက်ရကြလိမ့်မည်။-
Philippians 3:3အရေဖျားလှီးခြင်းမင်္ဂလာအစစ်အမှန်ကို ခံရသောသူတို့ကားထိုသူတို့မဟုတ်ဘဲငါ တို့သာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆို သော်ငါတို့သည်ကိုယ်တော်၏ဝိညာဉ်တော် အားဖြင့်ဘုရားသခင်အားကိုးကွယ်ဝတ်ပြု၍ ခရစ်တော်ယေရှုနှင့်တစ်လုံးတစ်ဝတည်း ဖြစ်ရ၍ရွှင်လန်းဝမ်းမြောက်သူများဖြစ် သောကြောင့်တည်း။ ငါတို့သည်ပြင်ပလက္ခဏာ များကိုမကိုးစား။-