ကောရိန္တုဩဝါဒစာဒုတိယစောင် 11:23
သူတို့သည်ခရစ်တော်၏အမှုတော်ဆောင်များ ဖြစ်သည်ဟုဆိုလျှင် ငါသည်အထူးသဖြင့် ဖြစ်၏ဟုသူရူးကဲ့သို့ငါဆို၏။ ငါသည်ထို သူတို့ထက်ပို၍အပင်ပန်းခံကာအမှုတော် ကိုဆောင်ခဲ့၏။ သူတို့ထက်ပို၍အကြိမ်ပေါင်း များစွာထောင်ကျခဲ့၏။ ပို၍ကြိမ်ဒဏ်ခံခဲ့ ရ၏။ သေဘေးနှင့်ရင်ဆိုင်ခဲ့သည်မှာအကြိမ် ပေါင်းပို၍များ၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
Acts 14:19သို့ရာတွင်ယုဒအမျိုးသားအချို့သည်အန္တိ အုတ်မြို့နှင့်ဣကောနိမြို့တို့မှရောက်လာကြ ပြီးလျှင် လူပရိသတ်တို့ကိုမိမိတို့ဘက်သို့ ပါအောင်ဆွဲဆောင်ကြ၏။ ထိုနောက်ပေါလုကို ခဲဖြင့်ပေါက်၍ သေလုပြီဟုထင်သဖြင့်မြို့ ပြင်သို့ဆွဲထုတ်သွားကြ၏။-
Acts 20:23သန့်ရှင်းသောဝိညာဉ်တော်က `သင်သည်ချည် နှောင်ခြင်းနှင့်ဆင်းရဲဒုက္ခကိုခံရလိမ့်မည်' ဟူ ၍မြို့တိုင်းတွင် ငါ့အားကြိုတင်သတိပေး သည်ကိုသာလျှင်ငါသိ၏။-
Acts 24:26ဖေလဇ်သည်မိမိအားပေါလုလာဘ်ထိုးလိမ့် မည်ဟုမျှော်လင့်ကာ သူ့အားမကြာမကြာ ခေါ်၍စကားပြောလေ၏။
Acts 27:1ဖေတ္တုသည်ကျွန်ုပ်တို့ကိုဣတလိပြည်သို့ သင်္ဘောဖြင့်ပို့ရန်ဆုံးဖြတ်ပြီးနောက် ပေါလု နှင့်အခြားအကျဉ်းသားအချို့တို့ကို ဧက ရာဇ်မင်းတပ်တော်ဟုခေါ်သောတစ်ထောင်တပ် မှတပ်မှူးယုလလက်သို့ပေးအပ်လိုက်၏။-
Acts 28:30ပေါလုသည်ထိုမြို့တွင်နှစ်နှစ်ပတ်လုံး မိမိငှား ရမ်းထားသည့်အိမ်တွင်နေ၏။ မိမိထံလာရောက် ကြသူအပေါင်းတို့အားကြိုဆိုဧည့်ခံလျက်၊-
1 Corinthians 3:5အာပေါလုကားအဘယ်သူနည်း။ ပေါလုကား အဘယ်သူနည်း။ သူတို့သည်ဘုရားသခင်၏ အစေခံများသာလျှင်ဖြစ်၍ သင်တို့ယုံကြည် လာစေရန်ပြုစုပေးကြသူများဖြစ်၏။ ငါ တို့တစ်ဦးစီသည်သခင်ဘုရားခွဲဝေသတ် မှတ်ပေးတော်မူသောတာဝန်အသီးသီး ကိုထမ်းဆောင်ကြရသည်။-