ကောရိန္တုဩဝါဒစာဒုတိယစောင် 11:4
လူတစ်စုံတစ်ယောက်သည်သင်တို့ထံရောက်လာ၍ ငါတို့မကြေညာဘူးသည့်အခြားတစ်ပါးသော ယေရှု၏အကြောင်းကိုဟောပြောကြေညာသော အခါ သင်တို့သည်ဝမ်းမြောက်စွာလက်ခံခွင့်ပြု ကြ၏။ သင်တို့သည်ငါတို့ထံမှကြားသိရသည့် သတင်းကောင်းနှင့်လုံးဝမတူသည့်သတင်း ကောင်းကိုလည်းကောင်း၊ ယခင်ကခံယူရရှိ သည့်ဝိညာဉ်တော်နှင့်လုံးဝကွဲပြားခြားနား သည့်ဝိညာဉ်ကိုလည်းကောင်းလက်ခံကြ၏။
Common Language Bible
In The King James Version
In Context
5ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
Acts 4:12ထိုအရှင်တစ်ပါးတည်းသာလျှင်ကယ်တင် နိုင်၏။ ကမ္ဘာပေါ်တွင်ထိုအရှင်မှတစ်ပါး ငါ တို့ကိုကယ်တင်နိုင်သူတစ်စုံတစ်ယောက်မျှ မရှိ'' ဟုသူတို့အားပြန်လည်ဖြေကြားလေ၏။
1 Corinthians 3:11ယေရှုခရစ်တည်းဟူသောချထားပြီးတိုက် မြစ်မှတစ်ပါး အခြားတိုက်မြစ်ကိုအဘယ် သူမျှမချနိုင်။-
Galatians 1:6ခရစ်တော်၏ကျေးဇူးတော်အားဖြင့် သင်တို့အား ခေါ်ယူတော်မူသောအရှင်ကို သင်တို့သည်ဤ မျှဆောလျင်စွာစွန့်ပစ်ကြပြီးလျှင် အခြား သတင်းကောင်းတစ်မျိုးကိုနာယူလျက်ရှိကြ သဖြင့်ငါအံ့သြမိ၏။-
Ephesians 4:4သင်တို့အားဘုရားသခင်ရွေးချယ်ခေါ်ယူ တော်မူခြင်းကြောင့်မျှော်လင့်ခြင်းတစ်ပါး တည်းရှိသကဲ့သို့ကိုယ်ခန္ဓာတော်တစ်ပါး တည်း၊ ဝိညာဉ်တော်တစ်ပါးတည်းရှိတော်မူ၏။-