ကောရိန္တုဩဝါဒစာဒုတိယစောင် 11:6
ငါသည်အဟောအပြောညံ့သော်လည်းအသိ ပညာမညံ့။ ငါတို့သည်အခါခပ်သိမ်းအခြေ အနေအမျိုးမျိုးတွင်ဤအချက်ကိုသင်တို့ အားကောင်းစွာသိစေခဲ့၏။
Common Language Bible
In The King James Version
In Context
5ငါသည်သင်တို့၏ထူးမြတ်လှသည့်တမန် တော်များထက်အနည်းငယ်မျှမနိမ့်ဟုငါ ယူဆ၏။-
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 11
Cross References
1 Corinthians 1:21လူသည်မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ဘုရားသခင် အားမသိနိုင်စေရန် ကိုယ်တော်သည်ရွှေဉာဏ် တော်ဖြင့်စီမံထားတော်မူ၏။ အချည်းနှီးသော တရားဖြစ်သည်ဟုလူတို့ထင်မှတ်သောငါ တို့ကြေညာသည့်သတင်းကောင်းအားဖြင့် ဘုရားသခင်သည်မိမိကိုယုံကြည်သူတို့ အားကယ်တင်တော်မူရန်စီမံတော်မူပေသည်။-
1 Corinthians 2:13သို့ဖြစ်၍ဝိညာဉ်တော်ကိုခံယူရရှိသူတို့ အား ဝိညာဉ်ရေးဆိုင်ရာသစ္စာတရားများ၏ အနက်အဋ္ဌိပ္ပါယ်ကိုရှင်းလင်းဖော်ပြရာ၌ ငါတို့သည်လူ့အသိဉာဏ်နှင့်ယှဉ်သည့် စကားများကိုအသုံးမပြု။ ဝိညာဉ်တော် သွန်သင်ပေးသည့်စကားများကိုသာ အသုံးပြုကြ၏။-
2 Corinthians 5:11ငါတို့သည်အဘယ်ကြောင့်သခင်ဘုရားအား ကြောက်ရွံ့ရကြောင်းကိုသိသဖြင့် လူတို့အား တိုက်တွန်းနှိုးဆော်၏။ ငါတို့၏အကြောင်းကို ဘုရားသခင်အကြွင်းမဲ့သိတော်မူ၏။ သင် တို့သည်လည်းစိတ်နှလုံးထဲကငါ့အကြောင်း ကိုလည်း ကောင်းစွာသိကြလိမ့်မည်ဟုငါ မျှော်လင့်၏။-
2 Corinthians 10:10``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-
Ephesians 3:4သင်တို့သည်ထိုဖော်ပြချက်ကိုဖတ်ရှုခြင်း အားဖြင့်ခရစ်တော်၏နက်နဲသည့်အရာကို ငါသိရှိနားလည်ကြောင်းသိမြင်နိုင်ကြ၏။-)