ကောရိန္တုဩဝါဒစာဒုတိယစောင် 12:13
သင်တို့အားငွေရေးကြေးရေးတာဝန်ကို မပေးခဲ့သည်မှအပ ငါသည်သင်တို့အား အခြားအသင်းတော်များနှင့်တန်းတူထား ၍ဆက်ဆံခဲ့၏။ ဤသို့မမျှမတပြုမိ သည့်အတွက်ငါ့အားခွင့်လွှတ်ကြရန် တောင်းပန်ပါ၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 12
Cross References
1 Corinthians 9:6ငါနှင့်ဗာနဗတို့သာလျှင်မိမိတို့စားဝတ် နေရေးအတွက် အလုပ်လုပ်ရမည်လော။ အဘယ် စစ်သားသည်မိမိ၏စရိတ်နှင့်အမှုထမ်းရ သနည်း။-
1 Corinthians 9:15သို့ရာတွင်ငါသည်ထိုအခွင့်အရေးတစ်စုံ တစ်ရာကိုမျှမယူခဲ့။ ထိုကဲ့သို့သောအခွင့် ရေးများကိုတောင်းဆိုလိုသောကြောင့် ဤစာ ကိုရေးလိုက်ခြင်းလည်းမဟုတ်။ ဤသို့တောင်း ဆိုရခြင်းထက်သေရခြင်းကပို၍ကောင်း၏။-
2 Corinthians 12:14ငါသည်ယခုသင်တို့ထံသို့တတိယအကြိမ် လာရန်အသင့်ရှိပြီ။ သို့ရာတွင်ငါ၏အတွက် သင်တို့အားတာဝန်ကြီးလေးစေမည်မဟုတ်။ သင်တို့၏ငွေကြေးဥစ္စာများကိုငါအလို မရှိ။ သင်တို့ကိုသာလျှင်ငါအလိုရှိ၏။ သား သမီးများကမိဘများအဖို့စုဆောင်း ရကြသည်မဟုတ်။ မိဘများကသာလျှင် သားသမီးများအဖို့စုဆောင်းရကြသည်။-