ကောရိန္တုဩဝါဒစာဒုတိယစောင် 13:7
သင်တို့သည်ဒုစရိုက်ကိုရှောင်ကြဉ်ကြစေရန် ဘုရားသခင်အားငါတို့ဆုတောင်းပတ္ထနာ ပြု၏။ ဤသို့ပြုရခြင်းမှာငါတို့သည်မိမိ တို့ကိုယ်ကိုအောင်မြင်သူများဖြစ်ကြောင်း ပေါ်လွင်စေလို၍မဟုတ်။ ငါတို့သည်မအောင် မြင်သူများဖြစ်ဟန်တူလျက်ပင်သင်တို့အား ကောင်းမြတ်သည့်အမှုကိုပြုကျင့်စေရန် ဆုတောင်းပတ္ထနာပြု၏။-
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 13
Cross References
Matthew 6:13အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊ စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ' ဟူ၍ဆုတောင်းကြလော့။
Romans 12:17အဘယ်သူကိုမျှလက်စားမချေကြနှင့်။ လူအပေါင်းတို့ရှေ့တွင်တင့်တယ်လျောက်ပတ် စွာပြုကျင့်ကြလော့။-
Romans 16:10အပေလေကိုနှုတ်ဆက်ကြလော့။ သူသည်ခရစ် တော်အားသစ္စာရှိသူဖြစ်ပေသည်။ အာရိတ္တောဗုလု ၏အိမ်သူအိမ်သားတို့ကိုနှုတ်ဆက်ကြလော့။-
1 Corinthians 11:19(သင်တို့တွင်စိတ်ဝမ်းကွဲပြားမှုကားရှိရ သည်မှန်၏။ သို့ရှိမှသာလျှင်အမှန်ဘက်တွင် ရှိသောသူများကိုပေါ်လွင်ထင်ရှားစေမည်။-)
2 Corinthians 6:8ငါတို့သည်ချီးမြှောက်ခြင်းနှင့်ရှုတ်ချခြင်း ကိုခံရကြ၏။ ကဲ့ရဲ့ခြင်းနှင့်ချီးမွမ်းခြင်းကို ခံရကြ၏။ လူလိမ်များဟုလူတို့သတ်မှတ် ကြသော်လည်းငါတို့သည်သစ္စာစကားကို ပြောဆိုကြ၏။-
2 Corinthians 10:10``ပေါလု၏စာများသည်ပြင်းထန်၍အာဏာ ပါသည့်စာများဖြစ်၏။ သို့သော်ငါတို့ရှေ့မှောက် ၌မူသူသည်သတ္တိကြောင်သူ၊ အဟောအပြော ညံ့သူဖြစ်သည်'' ဟုပြောဆိုသူရှိလိမ့်မည်။-