ကောရိန္တုဩဝါဒစာဒုတိယစောင် 2:17
ငါတို့သည်အခြားသူအမြောက်အမြား ကဲ့သို့ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကို အပေါစားကုန်ပစ္စည်းသဖွယ်ရောင်း ဝယ်ဖောက်ကားမှုကိုမပြုကြ။ ငါတို့သည် ဘုရားသခင်စေလွှတ်တော်မူသောသူများ ဖြစ်၍ ခရစ်တော်၏အစေခံများအနေ ဖြင့်ဘုရားသခင်၏ရှေ့တော်မှောက်၌ နှုတ်ကပတ်တရားတော်ကိုစိတ်ကြည် လင်စွာဟောပြောကြ၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 2
Cross References
Jeremiah 23:27မိမိတို့ဘိုးဘေးများသည်ငါ့ကိုမေ့လျော့ ကာ ဗာလဘုရားကိုဆည်းကပ်ခဲ့ကြသကဲ့ သို့သူတို့သည် မိမိတို့ဟောပြောသည့်အိပ် မက်များက ငါ၏လူမျိုးတော်အားငါ့ကို မေ့လျော့စေနိုင်လိမ့်မည်ဟုသူတို့ထင်မှတ် ကြ၏။-
Acts 20:20လူပရိသတ်ရှေ့တွင်လည်းကောင်း၊ သင်တို့ အိမ်များတွင်လည်းကောင်း ငါဟောပြောသွန် သင်သောအခါသင်တို့အားအကျိုးရှိစေ မည့်စကားများကိုအဘယ်အခါ၌မျှ ချန်လှပ်၍မထားခဲ့။-
1 Corinthians 5:8သို့ဖြစ်၍အပြစ်ဒုစရိုက်နှင့်ယုတ်မာသော အကျင့်တည်းဟူသောတဆေးဟောင်းပါသည့် မုန့်နှင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရား တည်းဟူသောတဆေးမဲ့မုန့်နှင့်ပသခါပွဲ တော်ကိုကျင်းပကြကုန်အံ့။
2 Corinthians 4:2ငါတို့သည်ရှက်ဖွယ်ရာလျှို့ဝှက်မှုအပေါင်း တို့ကိုစွန့်ပယ်ကြ၏။ ငါတို့သည်ကောက်ကျစ် စဉ်းလဲမှုကိုမပြု။ ဘုရားသခင်၏နှုတ်ကပတ် တရားတော်ကိုမှောက်လှန်၍မဟောမပြော။ ငါတို့သည်ဘုရားသခင်၏မျက်မှောက်တော် ၌သမ္မာတရားတော်၏အလင်းတွင် သက်ရှင် လှုပ်ရှား၍လူအပေါင်းတို့သြတ္တပ္ပစိတ် ကြည်လင်အောင်ပြုမူဆောင်ရွက်ကြ၏။-
1 Timothy 1:19သင်၌ယုံကြည်ခြင်းနှင့်ကြည်လင်သောသြတ္တပ္ပ စိတ်ရှိစေလော့။ အချို့သောသူတို့သည်သြတ္တပ္ပ စိတ်၏နှိုးဆော်မှုကိုနားမထောင်သဖြင့် မိမိ တို့၏ယုံကြည်ခြင်းကိုပျက်ပြယ်စေကြ၏။-
2 Timothy 2:6ပင်ပန်းစွာအလုပ်လုပ်ခဲ့သောလယ်သမား သည်သီးနှံကိုဦးစွာစားသုံးသင့်သည်။-