ကောရိန္တုဩဝါဒစာဒုတိယစောင် 4:15
ဤအမှုအရာခပ်သိမ်းတို့သည်သင်တို့၏ အကျိုးအလို့ငှာဖြစ်ကြ၏။ ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရသူအရေ အတွက်တိုးတက်များပြားလာသည်နှင့် အမျှ ကိုယ်တော်၏ဘုန်းအသရေတော်ထင် ရှားအံ့သောငှာချီးမွမ်းသည့်ဆုတောင်း ပတ္ထနာများသည်လည်းပိုမိုများပြား လာလိမ့်မည်။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 4
Cross References
Psalms 50:23ကျေးဇူးတော်ချီးမွမ်းခြင်းသည်ငါ့အား ဂုဏ်ပြုရာယဇ်ပင်ဖြစ်၏။ ငါ့စကားကိုနားထောင်သူအပေါင်းတို့အား ဧကန်အမှန်ငါကယ်မည်'' ဟုမိန့်တော်မူ၏။
1 Corinthians 3:21သို့ဖြစ်၍လူ၏စွမ်းရည်အကြောင်းကိုမည်သူ မျှမဝါကြွားစေနှင့်။ အမှန်စင်စစ်အားဖြင့် ခပ်သိမ်းသောအရာတို့ကိုသင်တို့ပိုင်ကြ၏။-
2 Corinthians 9:11သင်တို့သည်အခါခပ်သိမ်းရက်ရောစွာပေး လှူနိုင်ကြစေရန်ကိုယ်တော်သည်သင်တို့အား အစဉ်ချမ်းသာကြွယ်ဝစေတော်မူလိမ့်မည်။ ငါတို့မှတစ်ဆင့်သင်တို့ပေးလှူသောအလှူ ငွေများကိုခံယူရရှိသောသူတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုချီး မွမ်းကြလိမ့်မည်။-
Ephesians 3:20ငါတို့စိတ်နှလုံးကိုပြုပြင်တော်မူသော တန်ခိုးတော်အားဖြင့် ငါတို့တောင်းလျှောက် ကြံစည်သမျှသောအရာတို့ထက်သာလွန် ပိုမို၍ချပေးတော်မူနိုင်သောဘုရားသခင် သည် အသင်းတော်အားဖြင့်လည်းကောင်း၊ ခရစ်တော်ယေရှုအားဖြင့်လည်းကောင်း ထာဝစဉ်ကမ္ဘာအဆက်ဆက်ဘုန်းအသရေ ထွန်းတောက်တော်မူပါစေသတည်း။ အာမင်။
Colossians 3:16ခရစ်တော်၏ပြည့်စုံကြွယ်ဝသည့်တရား တော်အား သင်တို့၏စိတ်နှလုံးထဲတွင်ကိန်း အောင်းစေကြလော့။ ဉာဏ်ပညာရှိသမျှဖြင့် အချင်းချင်းအားသွန်သင်ဆုံးမခြင်းကို ပြုကြလော့။ ဆာလံသီချင်း၊ အမျိုးမျိုး သောဋ္ဌမ္မသီချင်းများကိုဘုရားသခင် အားစိတ်နှလုံးထဲတွင်ကျေးဇူးတင်လျက် သီဆိုကြလော့။-