ကောရိန္တုဩဝါဒစာဒုတိယစောင် 4:3
အကယ်၍ငါတို့ဟောပြောကြေညာသည့် သတင်းကောင်းသည်ဖုံးအုပ်လျက်ရှိလျှင် အသက်ဝိညာဉ်ဆုံးရှုံးလျက်နေသူများ အတွက်သာလျှင်ဖုံးအုပ်လျက်ရှိသည်။-
Common Language Bible
In The King James Version
But if our gospel be hid, it is hid to them that are lost:
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 4
Cross References
Matthew 11:25ထိုအခါသခင်ယေရှုက ``ကောင်းကင်နှင့်ကမ္ဘာမြေ ကြီးကိုအစိုးရတော်မူသောအဖ၊ ကိုယ်တော်သည် အသိပညာရှင်များအားသိခွင့်မပေးဘဲထား သည့်အရာများကို ပညာမဲ့သူတို့အားဖွင့်ပြ တော်မူသဖြင့်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။-
1 Corinthians 1:18လက်ဝါးကပ်တိုင်တော်တွင်ခရစ်တော်အသေခံ တော်မူခြင်းတည်းဟူသောတရားသည်ဆုံးရှုံး မည့်သူများအတွက်အနက်အဋ္ဌိပ္ပါယ်မရှိသည့် အရာဖြစ်၏။ ကယ်တင်ခြင်းခံကြရသောငါ တို့အတွက်မူကားဘုရားသခင်၏တန်ခိုး တော်ဖြစ်၏။-
2 Corinthians 2:15ငါတို့သည်ဘုရားသခင်အားခရစ်တော်ပူဇော် သည့်မွှေးကြိုင်သောနံ့သာရနံ့နှင့်တူကြ၏။ ထို ရနံ့သည်ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့ထံ သို့လည်းကောင်း၊ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့ ထံသို့လည်းကောင်းပျံ့နှံ့၍သွားလေသည်။-
2 Corinthians 4:4ဤလောကကိုအစိုးရသောဘုရားသည် ထိုသူတို့၏စိတ်ကိုအမှောင်ဖြင့်ဖုံးအုပ်စေ သဖြင့် သူတို့သည်သတင်းကောင်းကိုမယုံ ကြ။ ထိုဘုရားကြောင့်ဘုရားသခင်၏ပုံ သဏ္ဌာန်တည်းဟူသောခရစ်တော်၏ဘုန်း အသရေတော်အကြောင်း သတင်းကောင်း မှထွက်ပေါ်လာ၍သူတို့အပေါ်သို့ကျ ရောက်သည့်အလင်းရောင်ကိုသူတို့မမြင် ကြ။-
2 Thessalonians 2:9သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-