ကောရိန္တုဩဝါဒစာဒုတိယစောင် 6:12
စိတ်နှလုံးတံခါးကိုပိတ်၍ထားသူများ ကားငါတို့မဟုတ်။ သင်တို့ကသာမိမိတို့ စိတ်နှလုံးတံခါးကိုငါတို့အဖို့ပိတ်ထား ကြ၏။ ယခုငါသည်သင်တို့အားငါ၏သား သမီးများသဖွယ်ပြောဆိုနေ၏။-
Common Language Bible
In The King James Version
Ye are not straitened in us, but ye are straitened in your own bowels.
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
Job 36:16ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်းသောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်းစေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။
Ecclesiastes 6:9ကိုယ်တိုင်တွေ့မြင်ခြင်း အကျိုးသည် လောဘ ပြန့်ပွားခြင်း အကျိုးထက်သာ၍ ကြီး၏။ ထိုအမှုအရာ သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
2 Corinthians 7:2ငါတို့အားသင်တို့စိတ်နှလုံးကိုဖွင့်ထားကြ လော့။ ငါတို့သည်အဘယ်သူ့ကိုမျှမပြစ်မှားခဲ့။ မည်သူ့ကိုမျှအကျိုးနည်းအောင်မပြုခဲ့။ မည်သူ့အပေါ်တွင်မျှအခွင့်ကောင်းကိုမယူခဲ့။-
1 John 3:17လောကီစည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်ပါလျက် မိမိ၏ညီအစ်ကိုတစ်စုံတစ်ယောက်ချို့တဲ့မှု ကိုမြင်သောအခါ ကရုဏာစိတ်မရှိသူတွင် အဘယ်သို့လျှင်ဘုရားသခင်၏မေတ္တာတော် ကိန်းအောင်းနိုင်မည်နည်း။-