ကောရိန္တုဩဝါဒစာဒုတိယစောင် 6:2
ဘုရားသခင်က၊ ``ငါသည်သင်တို့ကိုကျေးဇူးပြုရန် အချိန်ကျရောက်သောအခါ၊ သင်တို့လျှောက်ထားချက်ကိုနားညောင်းခဲ့ လေပြီ။ ကယ်တင်ရာနေ့ရက်ကျရောက်သောအခါ သင်တို့အားကူမခဲ့လေပြီ'' ဟုမိန့်တော်မူသည်ကိုနားထောင်ကြလော့။ ကိုယ် တော်၏ကျေးဇူးပြုခြင်းကိုခံယူရန်အချိန် ကားယခုပင်ဖြစ်၏။ ကယ်တင်ရာနေ့ရက်ကာလ သည်ယနေ့ပင်ဖြစ်သတည်း။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 6
Cross References
Isaiah 49:8ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား ``သင်တို့ကိုကယ်ရန်အချိန်ကျသောအခါ၊ ငါသည်သင်တို့အားအခွင့်အရေးပေး၍၊ ကူမတော်မူရန်သင်တို့ဟစ်အော်သံကို နားညောင်းမည်။ ငါသည်သင်တို့အားထိန်းသိမ်းကွယ်ကာ စောင့်ရှောက်မည်။ သင်တို့အားဖြင့်လူအပေါင်းတို့နှင့်လည်း ပဋိညာဉ်ဖွဲ့မည်။ ယခုယိုယွင်းပျက်စီးလျက်ရှိသည့်သင်တို့ ၏ပြည်တွင်၊ တစ်ဖန်အတည်တကျပြန်လည်နေထိုင်ခွင့်ကို သင်တို့အားငါပေးမည်။
Ezekiel 16:8``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Luke 18:37လူတို့ကနာဇရက်မြို့သားယေရှုကြွလာ တော်မူလျက်ရှိကြောင်းပြောကြ၏။
Hebrews 3:7သို့ဖြစ်၍သန့်ရှင်းသောဝိညာဉ်တော်က အောက်ပါအတိုင်းမိန့်တော်မူသည်။ ``ဘုရားသခင်၏အသံတော်ကိုယနေ့ကြား လျှင်
Hebrews 4:7ယင်းသို့ရရှိကြကြောင်းကို``ယနေ့'' ဟု နာမည်တွင်သောနေ့ရက်တစ်ရက်ကို ဘုရား သခင်သတ်မှတ်ပေးတော်မူသည့်အချက်က သက်သေပြ၏။ ကိုယ်တော်သည်ကျမ်းစာတော် တွင်ဖော်ပြပြီးသည့်အတိုင်း နှစ်ပေါင်းများ စွာကြာသောအခါဒါဝိဒ်မင်းအားဖြင့် ထိုနေ့ရက်ကိုအကြောင်းပြု၍ ``သင်တို့သည်ဘုရားသခင်၏အသံတော်ကို ယနေ့ကြားရလျှင်ခေါင်းမမာကြနှင့်'' ဟုမိန့်တော်မူသည်။