ကောရိန္တုဩဝါဒစာဒုတိယစောင် 7:1
ချစ်မိတ်ဆွေတို့၊ ဤကတိတော်များကားငါ တို့၏အတွက်ဖြစ်၏။ သို့ဖြစ်၍ငါတို့သည်မိမိ တို့ကိုယ်ကိုကာယအညစ်အကြေးနှင့်ဝိညာဉ် အညစ်အကြေးရှိသမျှနှင့်ကင်းစင်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ရိုသေခြင်းအား ဖြင့် မိမိတို့ကိုယ်ကိုလုံးဝဖြူစင်သန့်ရှင်းစေ ကြကုန်အံ့။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
2 Chronicles 19:9မင်းကြီးကထိုသူတို့အား``သင်တို့သည်ထာဝရ ဘုရားအားကြောက်ရွံ့ရိုသေသောစိတ်နှင့် မိမိတို့ ၏တာဝန်ဝတ္တရားများကိုဆောင်ရွက်ကြရမည်။ ရိုးသားဖြောင့်မတ်ရကြမည်။ ဘက်မလိုက်ကြရ။-
Psalms 51:10အို ဘုရားသခင်၊ ကျွန်တော်မျိုး၏စိတ်နှလုံးကိုသန့်ရှင်း ဖြူစင်အောင် ပြုပြင်တော်မူပါ။ ကြံ့ခိုင်တည်ကြည်သောစိတ်သဘောသစ်ကို ပေးတော်မူပါ။
Proverbs 8:13ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
Proverbs 20:9ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
Isaiah 1:16သင်တို့၏စိတ်နှလုံးကိုစင်ကြယ်အောင်ပြုကြလော့။ ငါ့ရှေ့တော်တွင်သင်တို့ပြုလျက်ရှိသည့်ဒုစရိုက်တို့ကိုရပ်စဲကြလော့။ ဒုစရိုက်ပြုမှုကိုရပ်စဲကာ၊-
Jeremiah 4:14အို ယေရုရှလင်မြို့၊ သင်သည်ချမ်းသာရာရ စေရန် မိမိစိတ်နှလုံးကိုဆိုးညစ်မှုနှင့်ကင်း စင်စေလော့။ သင်သည်အဘယ်မျှကြာအောင် ဆက်လက်၍ဆိုးညစ်စွာကြံစည်လျက်နေ ဦးမည်နည်း။