ကောရိန္တုဩဝါဒစာဒုတိယစောင် 7:11
ဘုရားသခင်သည်သင်တို့၏ဝမ်းနည်းမှုကိုမည် သို့အသုံးပြုတော်မူသည်ကိုကြည့်ရှုကြလော့။ သင်တို့သည်စိတ်ထက်သန်၍လာကြလေပြီ။ မိမိတို့၌အပြစ်ကင်းကြောင်းဖော်ပြရန်အလွန် လိုလားကြလေပြီ။ လွန်စွာဒေါသထွက်ကြ လေပြီ။ လွန်စွာစိုးရိမ်ကြလေပြီ။ လွန်စွာတမ်း တကြလေပြီ။ လွန်စွာစေတနာထက်သန် ကြလေပြီ။ အပြစ်ရှိသူကိုဒဏ်ပေးရန် လိုလားကြလေပြီ။ သင်တို့သည်ဤအမှု တွင်မိမိတို့အပြစ်ကင်းကြောင်းကိုထင်ရှား စေကြလေပြီ။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
Genesis 44:6အိမ်တော်ဝန်သည်ထိုသူတို့နောက်သို့လိုက်၍ မီသောအခါ ယောသပ်မှာကြားလိုက်သည့် အတိုင်းသူတို့အားပြောလေ၏။-
Nehemiah 5:6ထိုသူတို့ညည်းညူသံကိုကြားသော်ငါ သည်အမျက်ထွက်၍၊-
Job 42:6ထိုကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
Psalms 35:13ငါမူကားထိုသူတို့ဖျားနာကြသောအခါ၊ ဝမ်းနည်းသည့်အနေဖြင့်နှိမ့်ချဆုတောင်းလျက် လျှော်တေကိုဝတ်၍အစာမစားဘဲနေ၏။
Psalms 42:1အို ဘုရားသခင်၊ သမင်ဒရယ်သည်အေးမြသောစမ်းရေကို တောင့်တသကဲ့သို့ ကိုယ်တော်ရှင်ကိုကျွန်တော်မျိုးတောင့်တပါ၏။
Psalms 119:139ကွန်တော်မျိုး၏ရန်သူမားသည်နှုတ်ကပတ် တော်ကို ပမာဏမပြုကြသဖြင့် ကွန်တော်မျိုး၏အမက်ဒေါသသည်မီးလှံသဖွယ် တောက်လောင်လက်ရှိပါ၏။