ကောရိန္တုဩဝါဒစာဒုတိယစောင် 7:4
ငါသည်သင်တို့အားယုံကြည်စိတ်ချ၏။ သင် တို့အတွက်များစွာဂုဏ်ယူဝါကြွား၏။ အမျိုး မျိုးသောဆင်းရဲဒုက္ခများကိုငါတို့ခံရသော် လည်း ငါသည်အားတက်လျက်အတိုင်းထက် အလွန်ရွှင်လန်းဝမ်းမြောက်၏။
Common Language Bible
In The King James Version
In Context
Read all of ကောရိန္တုဩဝါဒစာဒုတိယစောင် 7
Cross References
Acts 5:41တမန်တော်တို့သည်မိမိတို့အားသခင်ယေရှု အတွက် အသရေပျက်ခြင်းကိုခံထိုက်သူများ အဖြစ်ဖြင့် ဘုရားသခင်မှတ်တော်မူသောကြောင့် ဝမ်းမြောက်စွာယုဒတရားလွှတ်တော်မှထွက် သွားကြ၏။-
1 Corinthians 1:4ငါသည်သင်တို့အားခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော် ကိုထောက်၍ ဘုရားသခင်၏ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၏။-
2 Corinthians 1:14ငါတို့၏အရှင်ယေရှုကြွလာတော်မူရာနေ့ ၌ငါတို့သည်သင်တို့အတွက်ဂုဏ်ယူဝါကြွား နိုင်သည့်နည်းတူ သင်တို့သည်လည်းငါတို့ အတွက်ဂုဏ်ယူဝါကြွားနိုင်ကြစေရန် သင် တို့သည်ယခုတစ်စိတ်တစ်ဒေသအားဖြင့် သာ သိရှိနားလည်ကြသည့်အကြောင်းအရာ များကိုပြည့်ဝစုံလင်စွာသိရှိနားလည် လာကြလိမ့်မည်ဟုငါမျှော်လင့်၏။
2 Corinthians 3:12ငါတို့သည်ဤမျှော်လင့်ခြင်းရှိသဖြင့်အလွန် ရဲရင့်ကြ၏။-
2 Corinthians 7:6သို့ရာတွင်စိတ်ညှိုးငယ်သူကိုအားပေးတော်မူသော ဘုရားသခင်သည်ငါတို့ထံရောက်ရှိလာသောတိတု အားဖြင့် ငါတို့ကိုအားပေးတော်မူ၏။ တိတုရောက်ရှိ လာသည့်အတွက်ကြောင့်သာမက၊ တိတုအားသင် တို့ကအားပေးကြသည့်သတင်းကိုကြားသိရ သည့်အတွက်ကြောင့်လည်း ငါတို့သည်အားတက်ရ ကြပေသည်။-
2 Corinthians 9:2သင်တို့ကူညီထောက်ပံ့ရန်စိတ်စေတနာ ထက်သန်ကြသည်ကိုငါသိ၏။ သို့ဖြစ်၍သင် တို့အကြောင်းကိုမာကေဒေါနိပြည်သား တို့အားငါကြွားဝါခဲ့၏။ ``အခါယပြည် ရှိညီအစ်ကိုတို့သည်ယမန်နှစ်ကပင်လျှင် ပေးလှူရန်အသင့်ရှိကြ၏'' ဟုသူတို့အား ငါပြောကြားခဲ့၏။ သင်တို့၏စိတ်စေတနာ ထက်သန်မှုကြောင့်ထိုသူတို့အားလုံးလို လိုပင်စိတ်အားတက်ကြွလာပေပြီ။-